ချစ်တယ် ကိုကို

868 127 11
                                    

SeKai94 coffee shop

ဆိုင်တံခါးလေးကို ဖွင့်လိုက်တယ် ......
ခဏနေတော့ အသီးသီးရောက်လာကြတဲ့ part time သမားလေးတွေ နဲ့ chanyeol ပါရောက်လာတယ်

"Sehun"
"ပြော Hyung "
"ဒီနေ့ Baek ပြန်လာမှာ အဲဒါငါ သွားကြိုရင်း ပြန်မလာတော့ဖူး နော် မင်းရလား "
"ရတယ် Hyung"
"ဪ ဒီနေ့  နေ့ခင်းလောက် ငါ့ညီ ငါစီလာလိမ့်မယ် အဲဒါ သူကို ပိုက်ဆံ ပေးလိုက်စမ်းပါ"
Sehun စိတ်ထဲ ရုတ်တရက်ပြာယာခတ်သွားရတယ်
ဟာ အဲဒီ တဇွတ်ထိုး ကောင်လေး လာမှာလား အား ငါက ဒီနေ့ ဘာမှ လှလှပပ မဝတ်လာရတာကို "

သူ့ကိုယ်သူ့ ပြန်ငုံကြည့်တော့ ကြံရည်ရောင် အင်္ကျီနဲ့ ရိုးရိုး ဘောင်းဘီသာ
သူကိုယ်တိုင်က ငါ ဆိုင်ရှင်ဆိုပြီး သပ်သပ်ရပ်ရပ်နဲ့ ကွဲထွက်နေအောင် မနေပဲ  အလုပ်သမားလေးတွေနဲ့ ရင်းနှီးစွာနေတတ်သူကြောင့် သူကိုဆို အလုပ်သမားလေးတွေက ချစ်ခင် ရင်းနှီးစွာနေကြတယ်

Sehun ရုံးခန်းထဲ ပြာယာခတ်နေရတယ် အင်္ကျီအပို ထားတဲ့ ဘီရိုတံခါးနား ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း ပြာယာခတ်နေရတယ်

လဲရမလား မလဲရဖူးလား
WTF ငါက ဘာလို့လှချင်နေရ အား mola မသိဖူး လဲမယ် မလဲဖူး

တံခါးခေါက်သံကြားလိုက်ရတယ်

"MD က အထဲမှာပါခင်ဗျာ ဝင်သွားပါ"
Sehun Pov
/ဒီကလေးတွေတော်တော်လျှာရှည်တယ် ဘာကိစ္စပေးဝင်တုန်း ငါကိုလာခေါ် ခေါ်/

Sehun အတွေးမဆုံးသေး
တံခါးဖွင့်ဝင်လာတဲ့ ကောင်လေးရဲ့ အကြည့်တွေအောက်လူက ပြာယာခတ်ရာက ငြိမ်ကျသွားရတယ်

"Hun က ကျတော် ကိုရှောင်နေတော့ ကျတော်ကပဲလာတွေ့ရတော့တာပေါ့"

လက်ရဲဇက်ရဲ ရှိလှတဲ့ ရှေ့က 🐻က လူကို သိမ်းပွေ့ဖက်လိုက်သည်မှာ တကိုယ်လုံးက သူ့ရင်ခွင်ထဲ အင့်ကနဲပဲ တလက်စထဲ သူ့ အနမ်းက ကိုယ့် နဖူးပေါ် ရောက်ပြီးသား

သူ့ထက် အသက် 5နှစ်တိတိကြီးပြီး သူ့အကို နဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုယ်ကို သူက ကလေးတစ်ယောက် အငယ်တစ်ယောက်လိုသာ သဘောထားလေသည်
ပြောသေး hun က မျက်နှာလေးက နုနုသေးသေးချောချောလေး ကျွန်တော်က hun အပေါ်မှာနေမှာ တဲ့ အဲဒီတုန်းက ကိုယ်က ဒီစကားကို နားမလည်ခဲ့ပေ
နားလည်သွားချိန်မှာတော့ ကိုယ့်ဘဝဟာ ဒီကောင်လေးလက်ထဲ မှာရှိသမျှ အချစ်အကုန် ပုံ့အပ်မိရက်သား
ဒင်းကိုတော့ ချစ်နေပါပြီလို့ နည်းနည်းမှ ဝန်မခံရဲသေး အခုလို အဖြေမပေးရသေးတဲ့အချိန်တောင် ဒီလို လက်ရဲဇက်ရဲနဲ့ အဖြေပေးပြီးသွားရင်တော့ ကိုယ့်ဘဝက အိပ်ယာထဲကတောင်ထရပါ့တော့မလား မျက်နှာပူလိုက်တာ ငါဘာတွေတွေးနေတာပါလိမ့် အိမ်း

"လွတ်စမ်း ဟဲ့ "
"လွတ်ဖူး ကျွန်တော်ကို ချစ်တယ်ပြော"
ဖြတ်ကနဲ ရောက်လာတဲ့ ပါးပြင်ပေါ်က သူ့ အနမ်း
"အား မွှေးနေတာပဲ နို့ စတော်ဘယ်ရီနံ့လေး "
"လခွမ်းမို့ နို့ စတော်ဘယ်ရီ နံ့ရမှာ"

" ဟွန်းနီး နော် ခွဲနေရတာ ခုမှတွေ့ရတာကိုး ကြာသာပတေးညနေကတောင် မသွားခင် အလွမ်းပြေ လာနမ်းသွားသေးတာကို အခုမှ သောကြာ စနေ ဒီနေ့ Sunday နှစ်ရက်ပဲရှိသေးတာကို စိမ်းကားလို့ ပြော ကျွန်တော်ကိုလွမ်းလား မလွမ်းလဲလွမ်းတယ်ပြော"
ပါးပြင်ကို ထပ်ရောက်လာတဲ့ အနမ်းတွေ ကြောင့် လူလဲ ထူပူလို့လာတယ်
နှာခေါင်းထိပ်ဖျားကို  နုတ်ခမ်းလေးနဲ့ စုပ်ယူထိတွေ့သွားတဲ့အချိန် ခြေထောက်တွေက အားမရှိတော့စွာ
"လွမ်းတယ်" ခပ်ဖွဖွ ပြောမိသွားတော့တယ်
တကိုယ်လုံးက မြှောက်တက်သွားကာ ပြန်ချ ခိုင်းဖို့မေ့လျော့သွားရင်း သူ့ပွေ့ချီရာသူလက်မောင်းတွေကြား မျက်နှာကိုဖွက်ထားရင်း ပါသွားတော့တယ်

အခန်းလေးထဲအရောက် တံခါးမှာ ကိုယ့်ကို ကပ်လို့ ကိုယ့် နုတ်ခမ်းဖျားတွေကို သိမ်းပိုက်သွားတဲ့ သူ့ အနမ်းကြမ်းတွေအောက် လူက မျောပါလို့
"ကျွန်တော် hun ကိုလွမ်းနေတာရူးမတတ်ပဲ hun "
ကိုယ့်မျက်နှာကို ငေးကြည့်လို့ ပြောလာတဲ့ သူရဲ့ တီးတိုးလေသံ သဲသဲ့ က ကိုယ့် နုတ်ခမ်းဖျားတွေကို မထိတထိကျီဆယ် သွားချိန်
သူ့ရဲ့ ထူထူအိအိ နုတ်ခမ်းလေးကို ဆွဲငုံလိုက်တယ်
သူ့မျက်ဝန်းတွေက ဝိုင်းစက်စွာ ပြူးနေရင်း သူလက်မောင်းတွေက ကိုယ့်တကိုယ်လုံး ကို သိမ်းပွေ့လိုက်ချိန်  အနမ်းတွေပို ပို နက်ရှိုင်းလို့

🐻🧡🐣
"ချစ်တယ် ကိုယ့် ဝက်ဝံလေး "
ကြားလိုက်ရတဲ့ ရင်ခွင် ထဲက အသံလေး
Kai နူးညံ့စွာပြုံးလိုက်တယ်
"ကျွန်တော်က ပိုချစ်တာပါ"
"ကလေး က ပိုမချစ်နဲ့ ကိုကို က ပိုချစ်မယ်"
"ဘာ ကလေးတုန်း ကိုကို ကတော့ထားတော့ ကျွန်တော်က ကိုကို လို့ခေါ်ချင်လို့ ကလေးဆိုတာကြီးက ဘာလား "
"မကြိုက်ဖူးလား "
"ဟီး ကြိုက်တယ်  "
ရင်ခွင်ထဲက ကြက်ပေါက်လေးကိုကို ကို Kai အားပါးတရ ခေါင်းလေးကိုနမ်းရင်း ကိုကို နဲ့ အနာဂတ်ကို တွေးပျော်မြူးမိတော့သည်
"ကိုကို နမ်းချင်တယ် "
"ဘော ပဲ မင်းငါကို တချိန်လုံး နမ်းဖို့ပဲတွေး ..."
သူကို ဆူပူသောင်းကျန်းနေတဲ့ ကိုကို Sehun နုတ်ခမ်းပိစိနီတာရဲလေး ဆွဲစုပ်နမ်းပလိုက်ရင်းရင်ခွင်ထဲက ကိုကို ကိုယ်လုံးလေး တိုးဖက်ပွေ့ယူထားကာ Kai အဲဒီနေ့က ကိုကို စီက hyung ထားခဲ့တဲ့ ပိုက်ဆံကိုတောင်တောင်းဖို့မေ့မျောလို့

"ချစ်တယ် ကိုကို ရေ"

🐻🧡🐣
Words 1303

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now