prologue

36.4K 1.1K 57
                                    

[Zawgyi]

တစ်သက်လုံး အရှုံးဆိုတဲ့ စကားလုံးနဲ့ မရင်းနှီးခဲ့လေတဲ့ ကျွန်တော်။

လူတိုင်းရဲ့အထင်ကြီးဦးစားပေးမှုကြောင့် အသနားခံမျက်ရည်တွေမှမထောက် ခုတုံးအဖြစ် နင်းခြေဖျက်ဆီးခဲ့တာ...။

သူနဲ့တွေ့မှ ရာဇဝင်ရိုင်းစွာပင်။

အသက်ဝိညာဉ်က သူ့လက်ချောင်းဖြူဖြူတွေထက် ရုန်းမရနိုင်အောင် ကျေကျေနပ်နပ် အချည်နှောင်ခံပြီး အရုပ်တစ်ရုပ်လို....။

အလဲအလဲအကွဲကွဲ
သူ့ခြေရင်းမှာဒူးထောက်ခစားရင်း အရာရာ သူ့နှုတ်ဖျားက ပြောထွက်သမျှ အမိန့်အနေနဲ့ အနိုင်ပိုင်းစေခဲ့ပြီ။

ကျွန်တော့်ရှင်သန်ခြင်းသည် သူ့ထိန်းချုပ်မှု မရှိရင် အဓိပ္ပါယ်မဲ့လောက်အထိ...။

ဘယ်တတ်နိုင်မလဲ။
တားဆီးဖို့ ကြိုးစားနေရင်းက မင်းလိုလူကို ချစ်မိသွားတဲ့ ငါ့ရူးသွပ်မှုကြောင့် လို့ပဲ
ခေါင်းစဉ်တပ်ရမှာပေါ့။


》》》》》


UNDER CONTROL


ချခင်းထားပေးတဲ့လမ်းပေါ် အေးအေးသက်သာလျှောက်လှမ်းပြီး လူတကာကိုချိုးနှိမ်ခဲ့ဖူးတယ်။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ပထမ နေရာကို ကိုယ်ကလွဲ ဘယ်သူ့မှ လက်မလွှဲဖူးတာကြောင့် ဒီလောက်လေး မာနကြီးတာ စာဖွဲ့စရာလိုမယ်မထင်။

မနာလိုဖြစ်ရလောက်အောင် ပြည့်စုံလွန်းနေတာ ကိုယ့်အကျိုးပေးနဲ့ကိုယ်ပဲ။ ဒါကို မကျေနပ်လို့ ထိခိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲတွေ ရှိမှာပေါ့။

အခွင့်အရေးတွေ တိုက်ဆိုင်မှုတွေ ဆိုတာလည်း မလိုအပ်ဘူး။ ဒါတွေထက်ပိုသေချာတဲ့ အကြောင်းပြချက်တွေ ဆုပ်ကိုင်ထားသူက ကိုယ်ဖြစ်နေတာမို့။

အင်္ကျီကြယ်သီးတပ်နေရင်းမှ မှန်ထဲမြင်နေရတဲ့ပုံရိပ်က စူးရဲစွာပြန်ကြည့်လာတယ်။ မရိုးသားတဲ့မျက်ဝန်းတွေက အရောင်မဲ့နေတာ ခံစားချက်မရှိတဲ့အတိုင်း....။

သိပ်တော့လည်း အထူးတလည် တွေးနေရမယ့် ကိစ္စမဟုတ်။
မွေးကတည်းက ဒီအတိုင်းအသားကျနေပြီးပြီပဲ။
ဒုက္ခတွေ ဘာတွေ တ နေစရာ မလိုတဲ့ ဘဝပဲကို...။ အလိုမကျစရာဘာရှိမလဲ။

Under Control 《kv》Where stories live. Discover now