chapter 2

11.4K 888 48
                                    

[Zawgyi]

လိုတာထက်ပိုတဲ့အရည်အချင်းနှင့်
အရာရာစေ့စပ်လွန်းသော သူသည် ကျွန်တော်သတ်မှတ်ထားသည့် စံနှုန်းကို
မှီရုံမက ကျော်တယ်လို့တောင် ပြောလို့ရတဲ့အနေအထား။

အပြစ်ရှာမရအောင် ဟာကွက်ကင်းသောလုပ်ရပ်တွေအောက် သူ့ကိုရှင်းထုတ်မယ့် ကျွန်တော့်မျှော်လင့်ချက်တွေက လုံးလုံးလျားလျား ပျောက်ကွယ်သွားရ၏။

တစ်ရက်ဆိုတဲ့ အချိန်တိုအတွင်းမှာပဲ သူတော်တာကို အောင့်သီးအောင့်သက် လက်ခံလိုက်ရသည့်နောက်...
မကျေနပ်ချက်တွေ တစ်သီတစ်သန်းကြီးနဲ့ အမြင်ကပ်ပုဒ်မတပ်ပြီး အပြစ်မြင်မိတာများမယ်မထင်။

သူ့ကိုငဲ့ကြည့်တော့ မှန်တစ်ချပ်သာခြားသော ဘေးကပ်ရက်အခန်းမှာ ဝန်ထမ်းမိန်းကလေးတစ်သိုက်ကြား မပြုံးမရယ်မျက်နှာထားနဲ့ မျက်လုံးမှေးမှေးတို့က စိတ်ရှုပ်နေဟန်...။

ဒါ ကျွန်တော်မမြင်ဖူးတာပဲ။

အလုပ်တွဲလုပ်ရင်း သတိထားမိသည်က သူအရမ်းပြုံးခဲတယ်။ စကားပြောရင်လည်း ပြတ်သားစွာပင် လိုရင်းကိုသာ အဓိကထားပြောတတ်တဲ့ လူစားမျိုး။ ဒါဆို ကျွန်တော့်ရှေ့ဆို ကွေးညွှတ်သွားတတ်တဲ့ သူ့နှုတ်ခမ်းပါးတွေကရော?

ဘယ်လိုပဲအဖြေရှာရှာ စစ်မှန်ခြင်းကင်းသော သူ့မျက်ဝန်းတွေသည် နားလည်ရခက်လွန်းစွာ ကျွန်တော့်အတွေးထဲ ပုစ္ဆာတစ်ပုဒ်အဖြစ် နေရာယူလျက်။

အခုလည်း ကျွန်တော့်အကြည့်စူးစူးကို ရိပ်မိသည်ထင့် ၊ ဦးတည်လာသော သူ့အပြုံးမှာ စစ်မှန်မှုတွေ ပျောက်ဆုံးနေတယ်။
နှုတ်ခမ်းကိုသာ နာနာကိုက်ရင်း မျက်လုံးလွှဲမိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီး နားမလည်နိုင်ခဲ့ဘူး။

တစ်ခုခုတော့ မှားယွင်းစပြုနေပြီ။
ဒါပေမယ့် လက်မခံချင်သော မာနတစ်စွန်းတစ်သည် ခေါင်းမာလွန်းစွာ ပေကပ်နေဆဲ။

》》》》》》

■ UNDER CONTROL ■

Under Control 《kv》Where stories live. Discover now