chapter 4

10.8K 839 137
                                    

[Zawgyi]

နံရံထဲနစ်ဝင်မတတ်ဖိကပ်ထားပြီး ကျွန်တော့်နှုတ်ထမ်းထူထူတွေကို ခြေယူစားသုံးနေသော သူ့နှုတ်ခမ်းတွေကြား လူကကြက်သေသေလျက်။
မမျှော်လင့်ဘဲသိလိုက်ရတဲ့ သူ့လျှာဖျားရဲ့ချိုမြိန်မှုက ကျွန်တော့်ကို ထိုအနမ်းတွေထဲ နစ်မျောသွားစေတယ်။
တွန်းဖယ်ရမယ့်အစား ပိုတိုးဝင်မိတဲ့သူ့ရင်ခွင်ဟာ အားကိုးဖွယ်ကောင်းရဲ့။

မာနတစ်ခွဲသားနဲ့ ပေကပ်ကပ်လူသား ကျွန်တော်။ ကိုယ့်ရဲ့အနိုင်မခံအရှုံးမပေးစိတ်ကြောင့်လို့ ခေါင်းစဉ်တပ်ကာ တပ်မက်ခြင်းသဘောကို မျက်ကွယ်ပြုလိုက်ပြန်တယ်။

ထိုခေါင်းစဉ်ကို ဖျက်လိုဖျက်စီးလုပ်လာတာက တဖြည်းဖြည်းခွေကျလာတဲ့ဒူးတွေ။
မခိုင်မခံ့ခြေနှစ်ဘက်ကို အားတင်းထောက်ရင်း လက်တွေကလည်း သူ့အကျီစကိုတင်းတင်းဆွဲကိုင်လို့...။

ဟင့်အင်း... ခဏပဲ။ ပြီးရင် လွှတ်ပေးမှာ။
Kim Taehyung က တခြားသူအပေါ်မှာ မှီခိုတယ်ဆိုတာမျိုးရှိမှမရှိတာ။

ရုန်းထွက်လာသောမခံချင်စိတ်ကြောင့် သူ့ထက်မပိုတောင် ညီမျှသောအနမ်းတွေနဲ့ ပါးစပ်ထဲရောက်တဲ့အထိ ပစ်ဝင်တော့ ချက်ချင်းဖယ်ခွာသွားတဲ့သူ။ ဟောဟဲလိုက်နေရင်းတောင် မျက်ခုံးပင့်ပြီး ပြုံးမိလိုက်တယ်။

ဟက်! ကျေနပ်တာထက်ပိုတယ်။ သူကျွန်တော့်ဆီမှာအရှုံးပေးလိုက်ရတာမို့။

သို့သော် မြင့်တက်သွားသော သူ့နှုတ်ခမ်းစွန်းတစ်ဘက်။

သွားပြီ။

တားမြစ်ဖို့ဖွင့်ဟမိတဲ့ ပါးစပ်ထဲ
သူ့လျှာဖျားက ပိုကြမ်းတမ်းစွာ ဝင်ရောက်လာတယ်။
ကြမ်းပြင်ပေါ်ပုံကျသွားသော ခန္ဓာကိုယ်သည်အရိုးမရှိတော့သလို။ လဲကျသွားတာတောင် ဖယ်ခွာသွားခြင်းမရှိသော ထိုနှုတ်ခမ်းတွေ၏နောက်ထပ် ဦးတည်ရာက ကျွန်တော့်လည်တိုင်ဖြူဖြူတဲ့။

ခေါင်းထဲဘာဆိုဘာမှမရှိတော့။
တစ်ခုတည်းသော ခံစားနိုင်မှုက သူ့သွားဖြူဖြူနဲ့ကိုက်ခဲထားတဲ့ ညှပ်ရိုးနားမှာ။ နာလိုက်တာရယ်လို့အော်ပစ်ချင်ပေမဲ့ ထိုနာကျင်မှုအပေါ် သာယာစွာ ညည်းညူနေမိတယ်။

Under Control 《kv》Where stories live. Discover now