chapter 6

9.2K 770 88
                                    

[Zawgyi]

စိတ်အလိုမကျတဲ့အချိန်ဆို အတွေးခေါင်ပြီး မဟုတ်ကဟုတ်က အတွေးတွေ ခေါင်းထဲဝင်ဖူးတယ်။ ငါ့ကိုလူတွေဘာလို့သဘောမကျလဲဆိုပြီး...။ သူတို့မျက်လုံးထဲက မကျေနပ်ချက်တွေကို အဖြေရှာကြည့်တယ်။ ဆိုးတာက ဘယ်လောက်ပဲအဖြေရှာရှာ နောက်ဆုံး ကိုယ်က သူတို့ထက်သာနေလို့ဆိုတဲ့ အဖြေပဲ ထွက်လာတယ်။

ထားပါ။ သူတို့တွေ ကိုယ့်ကို ဘယ်လိုမြင်မြင် ၊ ဇာတ်မျိုးစုံကနေတဲ့ ဒီလောကကြီးမှာ ကိုယ်တစ်ဦးတည်း ပွဲကြည့်သူလေ။ စိတ်ဓာတ်လေးတွေက ရွံစရာဆိုပေမဲ့ တစ်ခါတစ်လေတော့လည်း အပျင်းပြေသား။

ခုလည်း ဟိုတစ်စု ဒီတစ်စု မိတ်ဖွဲ့နေကြတဲ့ လူကုံထံတွေထဲ ကျွန်တော်ပါဝင်မနေဘူး။ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှုဆိုသော်ငြား ခပ်ငြိမ့်ငြမ့်တယောထိုးသံကလွဲ ကျန်တာနားထဲမဝင်။ မဝင်ဆို ဒီလိုပွဲမျိုးတွေ တက်လေ့ရှိတာမှ မဟုတ်တာ။ အရေးကြီးကိစ္စပေါ်လာ၍ မအားလပ်သော အဖေ့နေရာအစား လူယောင်လာပြခြင်းသာ။

အစကတော့ ဂုဏ်ပြုစကား အမည်တွင်သော စကားချိုချိုတွေကို တတ်နိုင်သလောက် နားထောင်ပေးပါရဲ့။ လေသံနောက် ခနဲ့သံများကို ဥပေက္ခာမပြုနိုင်လေတော့ ကိုယ်ကပဲရှောင်တိမ်းရင်း ချောင်ကျကျတစ်နေရာမှာ ရှမ်ပိန်တစ်ခွက်ကို စိတ်ဝင်စားစရာသဖွယ် လက်ထဲလှည့်လိုက် တို့ထိတို့ထိသောက်လိုက်နဲ့ အချိန်ဖြုန်းနေရသည်။

လူသိပ်မများသေးတာတောင် လူမကြိုက်တဲ့သဘာဝကြောင့် မျက်ခုံးနှစ်ဘက်က တွန့်ရုံမက ကျုံ့ပါဝင်တော့မယ်။ တယောကလည်းတီးကောင်းဆဲ လူတွေကလည်းစကားပြောကောင်းဆဲ။

သူများရောက်လာမလား ဟု မျော်လင့်ချက် တစ်ပိုင်းတစ်စနဲ့ ရှာကြည့်ပေမဲ့ အရိပ်အယောင်တောင်မတွေ့။ ဆန့်ကျင်ဘက်ကို အကြည့်ပြောင်းတော့ ကျွန့်တော့်ကို သွားဖြဲပြတဲ့ ကျက်သရေမဲ့မျက်ခွက်နဲ့ဆုံတယ်။

ကျွန်တော့်ကိုရုံးခန်းထိလာပြီး အနှောင့်အယှက်ပေးတဲ့ ကလေးမ...။

ပျင်းပျင်းနဲ့ရှေ့နောက်မကြည့် ခြေရှုပ်ခဲ့မိသည့်နောက် ထိုအမျိုးသမီးက ဖေဖေ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ၏ သမီးငယ်ဖြစ်နေခြင်း။ နောက်ဆက်တွဲကတော့ ဖြတ်လို့မရတော့တဲ့ကြိုးတစ်မျှင်အဖြစ် ကျွန်တော့်ဘဝထဲ ဂြိုဟ်မွှေတယ်။ သူကိုယ့်ဆီမလာခင် ဦးအောင်ခန်းမထဲက ကိုယ်ယောင်ဖျောက်ရင်း...။

Under Control 《kv》Where stories live. Discover now