Chapter-1

62.2K 1.9K 17
                                    

“Krist..Krist Perawat..!!!!!”

Madam Yann  ကို်င်ထားသည့် အိတ်ကိုတောင်မချနိုင်သေးဘဲ ဒေါသတကြီးအော်သည်။ သို့ပေမယ့် ထွက်လာသည်က ခေါ်တဲ့သူမဟုတ်.။

“မမကြီး ဘာ-ဘာလိုချင်လို့လဲ”

“Krist. ဘယ်သွားလဲ ခုချက်ချင်းခေါ်စမ်း.!!”

“ကိစ္စရှိလို့လား အန်တီ Yann ”

ဟော်..ထွက်လာတော့ သူမ၇ပ်နေသည့် အနားက ထမင်းစားခန်းထဲက.။ စောစောကခေါ်တာကြားရဲ့သားနဲ့ တမင်ထွက်မလာ တာပေါ့.။

Krist က catalogue တစ်အုပ်ချိုင်းကြားညှပ်လျက် လက်ထဲမှာက မတ်ခွက်တစ်ခုနှင့် အေးအေးဆေးဆေးပဲ ကြည့်သည်။

“ဘယ်လိုလုပ်လိုက်တာလဲ မင်း.။ ငါတို့ရဲ့ customer ကို ကြားထဲကနေ ဘာလို့ဖြတ်ခုတ်သွားတာလဲ!!”

“ဘယ်လို ဖြတ်ခုတ်တယ်??? ကျွန်တော်ကလား ??”

မျက်ခုံးလေးပင့် မေးလာသည်က တမင်အံ့သြလို့မေးတာမဟုတ်မှန်း Madam Yann သိသည်။ ဖြစ်နိုင်ရင် ထိုမျက်နှာပေးကို ကုတ်ဖဲ့လိုက်ချင်တာ.။

“စဉ်းစဉ်းစားစားလည်းပြောပါ. နှစ်ဦးနှစ်ဖက်သဘောတူလို့ဖြစ်လာတဲ့ကိစ္စလေ. ”

“ဘာပဲဖြစ်ဖြစ် မင်း စည်းဖောက်တာပဲ.”

“စည်းဖောက်ရအောင် ကျွန်တော်က အန်တီ Yann ရဲ့စည်းဝိုင်းထဲမှာ နေ တာမှ မဟုတ်တာ.။ ကျွန်တော်တို့ရဲ့ K Decoration က မနေ့တစ်နေ့ကမှ နေ့ချင်းညချင်းဖြစ်လာခဲ့တာမဟုတ်ဘူး။ ”

“ဘာ !!!! မင်း --မင်း ဂုဏ်မမောက်နဲ့ Krist.”

Madam Yann အသားတွေတဆတ်ဆတ်တုန်ကာဒေါသထွက်နေသလောက် Krist က တော့ အေးဆေး.။

“ဂုဏ်မောက်တယ် ဘ၀င်မြင့်တယ် ဆိုတာ ကျွန်တော့် စတိုင်ဘဲ.။ အန်တီတို့အခြေအနေနဲ့ ဒီနေရာကို ရောက်လာတာကိုပဲ ကျေးဇူးတင်.!”

“Krist !!!”

Krist လှည့်မကြည့်ဘဲနဲ့ အိမ်ထဲကို ၀င်လာသည့် Paw အသံကို မှတ်မိပြီးသား။

“အစ်ကို..”

Madam Yann သည် မျက်ရည်လည်ရွှဲနှင့် Mr. Perawat ထံခိုဝင်လိုက်သည်။ အဲ့ဒါကြည့်ကာ Krist ဟွန့်ခနဲမြည်အောင် တစ်ချက်ရယ်မိသည်။

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now