Chapter-2

18.2K 1.2K 4
                                    

ဘောင်းဘီအညိုရောင် နှင့်  မိုးပြာရောင်ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်နားထိ တင် ၀တ်ထားသော Krist ကို ကားဘောနက်ဖုံးဖွင့်ပြီး အလုပ်ရှုပ်နေတာတွေ့ သည်။ သို့ပေမယ့် Kong ကိုယ်တိုင်လည်း အလုပ်ရှိနေသည်ကြောင့် စောင်းမကြည့်ဘဲ ကျော်သွားမည်ကြံကာမှ ခေါ်သံကြောင့် ရပ်တန့်သွားရသည်။

“Kong!”

“အင်း..”

“ကား ခဏလောက်ကြည့်ပေးလေ.။ ဘာဖြစ်သွားမှန်းမသိလို့.။ ”

“အချိန်မရတော့လို့ ဆောရီး.။ချိန်းထားတာရှိတယ.်”

လက်က နာရီကိုတစ်ချက်ကြည့်ပြီးမှ Kong သူ့မျက်နှာကိုပဲတည့်တည့်ကြည့်ပြောလိုက်သည်။

“ခဏပဲ.။ မဟုတ်ရင်လည်း ကျွန်တော်--”

“အချိန်တကယ်မရှိလို့ပါ. ခွင့်ပြုဦး.”

“စိတ်ပုပ်ကြီး !!!!”

“ဘာပြောလိုက်တယ်.”

ပြန်လှည့်သွားမည့်အေ၇းကို မျက်ခုံးတွေတွန့်ချိုးကာ မေးလာသူကို Krist မျက်နှာလေးမော့ကာ မေးစင်းကြည့်လိုက်ပြီးမှ----

“ကြားတဲ့အတိုင်းပဲ .မကြားချင်ယောင်ဆောင်ပြီးသာ သွားပေတော့.”

Kong ပြန်ပြောမည်ကြံပြီးမှ ဖုန်းဝင်လာသည်မို့ ဖုန်းပြောရင်း ကားဆီသာ လျှောက်သွားလိုက်တော့သည်။ ကားလေး ခြံဝန်းထဲက ထွက်သွားသည်ကို ကြည့်နေရင်းနှင့် Krist  နှာခေါင်းရှုံ့လိုက်သည်။ ခဏလေးကြည့်ပေးတော့ သူ့ကို မြွေကိုက်မှာလား.???? ကိုယ်က လည်းကားမောင်းတတ်တာကလွဲရင် ဘာမှက မလုပ်တတ်.။ လမ်းကြုံလိုက်ခဲ့လို့၇လားဆိုတာ ကိုတောင် ဆုံးအောင်မပြောလိုက်ရဘူး.။

“ကား က ဘာဖြစ်လို့လဲ.. ဦး ကြည့်ပေးမှာပေါ့.။”

အသက်အရွယ်နှင့် မလိုက်လေအောင်မတရား နုဖတ်ချင်ယောင်ဆောင် ၀တ်ဆင်ထားသည့် Din…။ Krist ကားအဖုံးကိုဂျိန်းခနဲ မြည်အောင်ပိတ်ထည့်လိုက်သည်။

“ဟောဗျာ..။ ဘာဖြစ်ရပြန်တာလဲ. ဦးတို့ကအချင်းချင်းတွေကို.။”

“Mr . Din. ဒီမှာ..အချင်းချင်းဆိုတာဘယ်သူကိုပြောတာလဲ.???? ခင်ဗျား နဲ့ ကျွန်တော်တို့နဲ့ အနေသာကြီးနော်.။စကားကိုဆင်ခြင်ပြော..သြော် အန်တီ Yann နဲ့တော့ အင်း--ခင်ဗျားတို့ပြောသလို မောင်နှမ တော်မှာပေါ့နော့”

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now