Chapter-11

13.8K 1.1K 16
                                    

ညစာစားပွဲသည် Prachaya စံအိမ်ကြီး ရှိ မြက်ခင်းပြင်တွင်ပဲပြုလုပ်ခြင်းဖြစ်သည်.။ ကျယ်ဝန်းလှသော မြက်ခင်းပြင်ကြီးတွင် သွယ်တန်းထားသော မီးဆိုင်း မီးလုံးများက လည်းနေ့ခင်းအလား ထိန်ထိန်ညီးလျက်.။ တန်ဖိုးကြီးပန်းတို့ထိုးထားသော ပန်းအိုးကြီးတွေက နေရာထောင့်တိုင်းတွင်ဖြစ်ပြီး ပွဲအလယ်တွင် တည်ခင်းထားသော ဘူဖေး ညစာ စားပွဲရှည်ကြီးကလည်း မြင်သူတိုင်း နှစ်သက်သဘောကျရစေသည်။ဧည့်ခံနေသည့် တူညီဝတ်စုံဝတ် စားပွဲထိုးလေးတွေက ၀ိုင်. အချိုရည် စသည့်ဖန်ခွက်တို့ထည့်ထားသည့် ဗန်းလေးကိုင်ကာ ဧည့်ဝတ်ကျေလျက်ရှိသည်.။

"ဟင်းတွေ က တော်တော်တော့ အရသာရှိတယ်ပဲ.။"

ဟင်းတစ်ချို့သွားထည့်လာပြီး ထိုင်နေရာစားပွဲဝိုင်းသို့ပြန်ရောက်လာသည့် Mrs Yann က နှုတ်ခမ်းနီနီမပျက်အောင် သေချာထိန်းစားလျက်ပြောသည်.။ မနေ့တစ်နေ့ကထိ ကာယကံရှင်သူမထက် ပိုပြီးသောကရောက်ခဲ့ရရှာပါသော မိခင်သည် ခုတော့လည်း သူမ မဟုတ်သည့်အလား.။

ဘေးတွင် Mr.Din ကလည်း မြင်မြင်သမျှ အလှပဂေးတို့ကို ငမ်းနေလေသည်.။ Mr.Perawat တစ်ယောက်ကတော့ နာရီကိုတကြည့်တကြည့်နှင့် စက်ပိတ်ထားပါသည် ဆိုသော သား၏ ဖုန်းကို သာ အပြန်ပြန် အလှန်လှန်ခေါ်နေမိသည်.။

Nuyen အနေနဲ့ဆို ချစ်သူနဲ့သူများလက်ထပ်သည့်ပွဲကို မလာချင်ပါ.။သို့သော် မိခင်က Prachaya စံအိမ်ထဲ ရောက်နိုင်မည့် အခွင့်အရေးဆိုကာ အတင်းပွဲတက်ခိုင်းစေခြင်း။ ခပ်လှမ်းလှမ်းက လူကြီးတွေနဲ့ စကားပြောနေပုံရသော Singto သည်လည်း Krist နှင့်ပုံစံတူ အနောက်တိုင်းဝတ်စုံကို ၀တ်ထားပြီး လှန်သိမ်းထားသော ဆံပင်တို့နှင့်အတူ ခန့်ညားချောမောလွန်း၏။ များပြားလှသော လူတွေကြားမို့ သူက သူမကိုတော့ မြင်ဟန်မတူသေး.။

"Sing ပွဲထွက်ချိန်ကကပ်နေပြီကွ.။ တချို့ဒါရိုက်တာတွေတောင် မင်း သတို့သားကိုမေးနေပြီ."

အနားကိုလာပြီး Aim က သတိပေးမှ Singto လက်ကနာရီလေးကို တစ်ချက်ကြည့်မိသည်.။ နှုတ်ခမ်းတစ်ချက်တွန့်ပြုံးမိ၏။ ဘာလဲ..မဟုတ်တာလုပ်ထားတဲ့သူဆိုတော့ ကြောက်ပြီးမလာရဲတော့တာနေမှာပေါ့.။

နှစ်ကိုယ်တူတိုင်းပြည်Unde poveștirile trăiesc. Descoperă acum