Chapter-10

13.5K 1K 21
                                    

မင်္ဂလာပွဲက ရိုးရာဓလေ့တွေနဲ့ မဟုတ်ဘဲ ညနေ ဧည့်ခံပွဲသဘောမျိုးသာရှိသည်မို့ Krist နှုတ်ခေါင်းအနည်းငယ်ရှုံ့မိသည်.။ ဘာရယ်တော့ မဟုတ်.။ မင်္ဂလာပွဲကို ရိုးရာဓလေ့ပုံစံနဲ့လုပ်ပြီး ရေစင်သွန်းကာ သူများတွေ၏ ချီးမြှောက်မှုကို ရလိမ့်မည် ဟု အရင်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးသည်.။ ဟုတ်တော့ ဟုတ်ပါတယ်လေ. နှစ်ယောက်က နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာမှ မဟုတ်လေပဲ.။

“ဆန္ဒတွေ ပြည့်နေတယ်ဆိုတော့ ရှင် ကပျော်နေမှာပဲနော်.။”

အခန်းတံခါးက ဟ ထားသောကြောင့် Nuyen က ၀င်လာပုံရသည်.။ ခါတိုင်းဒီလို သူ့အခန်းကို Nuyen ၀င်မလာတတ်ပါ.။မိုးသားရောင် ရင်ပြတ်ဂါဝန်လေးနှင့် သူမက တော်တော်လှနေပေမယ့် မျက်နှာက အပူရုပ်ကိုတော့ ဟန်မလုပ်နိုင်။ အင်းလေ..ချစ်သူတစ်ယောက်လုံးတခြားယောကျာ်းတစ်ယောက်နဲ့ လက်ထပ်တဲ့ကိစ္စမှာ သူမ  က ဘယ်လိုလုပ်စိတ်အေးနေနိုင်မှာလဲ.။

“မင်း က ဘယ်လိုထင်လို့လဲ”

“သေချာပေါက် ပျော်နေမှာပေါ့.။လိုချင်တာရတဲ့သူဆိုတာ.။တစ်ခုတော့ nuyen မေးချင်တယ်။ ရှင့်ကြည့်ရတာ Kong ကိုလည်းချစ်တဲ့ပုံမပေါ်ပါဘူး။ဘာလို့ nuyen တို့နှစ်ယောက်ရဲ့ အချစ်ကိုခွဲရတာလဲ.”

Krist က ချက်ချင်းမဖြေ.။ဝတ်ထားပြီးသည့် အောက်ခံနံ့သာရောင် ရှပ်အပေါ်ကို ကုတ်အနက်ထပ်ဝတ်လိုက်သည်။ ကုတ်အနက်သည် ကော်လံအနားလေးများတွင် သူတို့ပြောတဲ့ စိန်အစစ်ဆိုလား စိန်အပွင့်သေးသေးလေးတွေ လက်မအနည်းငယ်ခြားပြီး စီတန်းထားသည်.။နက်(ခ်)တိုင် မှာ ထိုးထားသည့် ခပ်မျှင်မျှင် ငွေရောင်တန်းကလည်း နဂါးတစ်ကောင် ကောင်းကင်ဦးမော့နေဟန် ခပ်ရေးရေး ဆွဲထာားသည်.။အဲ့ဒါကိုတော့ သေချာကြည့်မှသာမြင်ရနိုင်သည်လေ.။

ဆံပင်တွေကိုသေသပ်စွာဖြီးထားသည့် Krist သည် ၀တ်စုံနှင့် လိုက်ဖက်လှစွာ ခန့်ညားချောမောလွန်းသည်.။ တန်ဖိုး အဘယ်ချီနေမည်မှန်းမခန့်မှန်းနိုင်သည့် ၀တ်စုံသည် မကြည်ဖြူဘဲလက်ထပ်ရသည့် သူတစ်ယောက်အတွက်တောင် ဖြစ်နေလျှင် မက်မောတာမဟုတ်ပါသော်လည်း သူမအတွက် မြင်ခွင့်မရလိုက်ခဲ့သော ၀တ်စုံကို တွေးကာ တမ်းတမိသည်.။ ၀တ်စုံ အပ်မည့် နေ့က Singto အရေးကြီးကိစ္စပေါ်လာ၍ မသွားဖြစ်ဘဲ ရက်နောက်ဆုတ်လိုက်ရခြင်းသည် ဝေးဖို့ပင်ဖန်ခဲ့လေသလား.။

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now