Chapter-3

14.6K 1.1K 15
                                    

မီးရောင်စုံများကြားမှာ ကနေသောသူများကြားထဲ Nick ၏ အာရုံကိုဖမ်းစားနိုင်သည်က တစ်ယောက်တည်း.။ခက်သည်က ထိုတစ်ယောက်က မိန်းကလေးလည်း မဟုတ်.။ အင်္ကျီ ရင်ဘတ်ကကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားသည်က မီးရောင်အောက်တွင် ဖွေးနေသောရင်ဘတ်ကိုအတိုင်းသားမြင်ရသည်။ ဘောင်းဘီအနက်ေ၇ာင်အရှည်ကလည်း ဒူးထက်ကစ၍ အပြဲပြဲနှင့်.။  ကနေသည်က လည်း  ယောက်ျားတစ်ယောက်လို ခပ်မိုက်မိုက်လို့ပြောရမလို sexy လည်းကျလှသည်ပဲ.။

“အဲ့ဒါ ဘယ်သူလဲ.”

“မသိဘူးလေ.ဆရာရဲ့.။ကျွန်တော်တို့က ဒီနေ့မှ ဒီ club စရောက်တာလေ.”

ဘေးနားက Nick ၏ တပည့်တစ်ယောက်က ပြောသည်ကိုဆုံးအောင်နားမထောင်ဘဲ dancing floor ထဲ တဖြည်းဖြည်းချင်း ၀င်လာခဲ့လိုက်သည်။

“မင်းက အရမ်းမိုက်တယ်ပဲ.နာမည်ဘယ်လိုခေါ်လဲ.။”

နား နားကပ်ကာခပ်တိုးတိုးမေးသံကြောင့် Krist ကတာရပ်သွားသည်။ ကြည့်လိုက်တော့ ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်က ညှို့ရီစွာ ပြုံးပြနေသည်။

အဟက်..။
တော်တော်လှနေပါလား..ငါ..။ ဒီယောက်ျားတွေကလည်း ကြိုက်လည်းကြိုက်တတ်တယ်.။အင်း သူလည်းယောကျာ်းပေမယ့်..။
အနှောင့်အယှက်ရှိရင် ကတာစိတ်မပါတော့သည့် အကျင့်အတိုင်း ထွက်လာတော့ နောက်ကတောက်လျှောက်ပါလာသည်။  club အပြင်ဘက်ထိရောက်အောင်ထွက်လာတော့လည်း လိုက်လာ၏။ ဒင်းက အထာပေးနေတယ်မှတ်နေသလား???

“ဟေး…ခဏလေးလေ.နာမည်မေးနေတာကိုး.”

ရှေ့ကနေပိတ်၇ပ်မေးတော့ Krist ဒေါသကထောင်းခနဲထွက်သည်။

“အေး ငါ့နာမည် Krist.”

သိချင်နေလှသည့်နာမည်ကိုပြောပြလိုက်သည်။ မပြောပြနိုင်ဘူးတွေ ဘာတွေလုပ်ရအောင် ကိုယ်က မိန်းကလေးလည်း မဟုတ်.။ သို့ပေမယ့် ဒင်း က ဘယ်ကရောက်လာမှန်းမသိသည့် လူနှစ်ယောက်နှင့်အတူ ရှေ့ကပိတ်ပြန်သည်။

“ကိုယ်က ယောက်ျားလေးတွေတော့ စိတ်မ၀င်စားတတ်ဘူး။ ဒါပေမယ့် မင်း ကသိပ်မိုက်နေတော့ တစ်ညပဲ အဟွန်း တူတူကုန်ဆုံးပေး.။ မနစ်နာစေရပါဘူး Prachaya အိမ်တော်ဆို သိကြမှာပေါ့.။ကိုယ်က အဲ့က သက်ဆိုင်သူ .”

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now