Chapter-15

15K 1.3K 68
                                    

“ဟမ်..ဒါ ဟိုတစ်ခေါက် ကလပ်မှာတွေ့တဲ့ Krist ဆိုတာများလား.”

မဂ္ဂဇင်း စာစောင်အင်တာဗျူးတွေထဲတွင်  Prchaya စံအိမ်၏ မင်္ဂလာပွဲသည် ယခုမှ Singto Prachaya ကို media များတွင် မြင်ခွင့်ရကြသလို အိမ်ထောင်ဖက်ကလည်း အမျိုးသား ဖြစ်နေသည့်အတွက် ခေတ်စားနေဆဲဖြစ်သည်.။  Nick တစ်ယောက်သာ သူငယ်ချင်းတွေ နှင့် တောလိုက်ထွက်သွားသည့်အတွက် ခုမှသိရခြင်း..။

“P’ Nick က အဲ့တစ်ယောက်ကိုသိလို့လား.??”

Yaya က ဆေးစာအုပ်ထူထူလေးကိုင်ကာ စာကြည့်နေရင်းမှ Nick ၏ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ပြန်မေးလိုက်မိသည်.။

“ကလပ်မှာတုန်းကတည်းကလေ..ငါက သူ့ကို ခဏခေါ်သွားမလို့ကို P’Sing ရောက်လာလို့ ဒီတိုင်းထားလိုက်ရတာ.”

“ပွေတဲာ့ ရှုပ်တာလေးလည်း လျှော့ဦး..။ဘယ်နှယ့် ယောကျာ်းလေးကို--”

ပြောသာပြောမိတာပါ.။ Krist Perawat က ယောကျာ်းဆန်ဆန်ချောသလို ကလေးလို ချစ်စရာကောင်းသည့် ပါးချိုင့်ငယ်ကိုလည်း အမှတ်တမဲ့ သူ ပြုံးတာမြင်လိုက်၇လို့ သတိထားမိတာ.။ဒါကလည်း P’Sing သူ့ကို ကားလက်ဆောင်ပေးတုန်းက ဘယ်သူမှ မမြင်ဘူးထင်ပြီး ပြုံးလိုက်လေသလားတော့ မသိ.။

“ဘာပဲဖြစ်ဖြစ်နော်.ခု သူက P’Sing ရဲ့ သက်ဆိုင်သူနော်.. P’Nick ပြဿနာတော့မရှာနဲ့။”

“မနေ့က Mae ပြောတော့ ချစ်လို့ယူထားရတာ မဟုတ်ဘူးဆို.။ဒါဆို P’Sing က Krist ဘာဖြစ်ဖြစ် သတိထားစရာလား..။ငါ့ ဘာသာ လုပ်ချင်လုပ်မယ်..နင်က အငယ်.ငါ့ကို ဆရာမလုပ်နဲ့ yaya…”

ပြောချင်ရာပြောပြီး Nick က ဧည့်ခန်းထဲက အရင်ထလာခဲ့လိုက်သည်.။  စွဲလန်းနေတာမျိုးတော့ မဟုတ်ပေမယ့် တကယ်ပဲ Krist က သဘောကျစရာကောင်းလှသည်.။ Nick တစ်ယောက်က မိန်းကလေးတွေ သာမက ယောကျာ်းလေးတွေလည်း စုံနေအောင်တွဲဖူးပေမယ့် ယောက်ျားလေးထဲမှာ သူ မြင်မြင်ချင်း သဘောကျမိတာတော့ Krist တစ်ယောက်ထဲ ရှိသည်.။ ဒါပေမယ့်  သူတစ်ပါးက ခု Singto ၏ ခင်ပွန်း..။ ကိစ္စတော့မရှိပါဘူးလေ.. Singto က Krist ကို မှ မကြိုက်တာ.။

“Oh~~”

ခြံထဲတွင် Krist သည် နှင်းဆီရောင်စုံပန်းခြံနားတွင် ရှိနေသည်.။ဒူးထက်ဘောင်းဘီအဖြူရောင်အတို.. အင်္ကျီ ပြာနုနုက သူ့ကို နုပျိုလွင်ကာ ပေါ့ပေါ့ပါးပါးအသွင်ဖြစ်စေပြီး နှင်းဆီ ရောင်စုံတွေကို တစ်ခုချင်း အကဲစစ်နေလေ၏။

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now