Chapter-25

16.2K 1.3K 114
                                    

ဆေးရုံကုတင်ပေါ်မှာ ဖျော့တော့စွာဖြင့်သတိမလည်လာသေးသူကို ကြည့်ကာ Maya မျက်ရည်တို့ တဖြောက်ဖြောက်ကျသည်။ သူမ ဖြစ်စေချင်တာ ဒီလိုမဟုတ်ပါ..။ သူမ ဘယ်တုန်းကမှ Sing ကို ထိခိုက်စေချင်တာမဟုတ်.။ခုတော့ဖြင့် >>>

“ဘာလာလုပ်တာလဲ??”

တိုးဖွသော ခြေသံနှင့် အတူ ရောက်လာသူက Krist. ပင်ဖြစ်သည်။ လက်ထဲက ၀ယ်လာသည့် မုန့်တစ်ချို့ကို နံရံကပ်ဗီရိုထဲတွင် အရင်ထည့်လိုက်ပြီးမှ သူမ ဘက် မျက်နှာချင်းဆိုင်လာသည်။

“P’Sing ကို လာကြည့်တာလဲ.ရှင့်ကို ခွင့်တောင်းစရာလိုလို့လား.”

“အဟွန်း~~ မျက်ရည်တွေနဲ့ပါလား.။ Sing အတွက် စိတ်မကောင်းလို့လား .။ဒါမှ မဟုတ် ကျွန်တော် မသေသေးတာကို စိတ်မကောင်းလို့လား ??”

Maya ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်.။ Krist က ခနဲ့တဲ့တဲ့ပြုံးကာ လက်ကိုင်ပ၀ါအဖြူလေးဖြင့် Sing ၏ နဖူးစပ်နားလေးတွေကို အသာသုတ်ပေးနေသည်။

“ရှင် က ဘာကိုပြောချင်တာလဲ??”

“ပွဲတုန်းက အပြင်မှာ Sing စောင့်နေတယ်ဆိုပြီး ကျွန်တော့်ကို မြှားခေါ်ခဲ့တဲ့ စားပွဲထိုးကို Aim က မိထားပြီးပြီ.”

“အဲ့ဒါ တို့နဲ့ဘာဆိုင်လဲ.”

Krist က Sing ကို အာရုံစိုက်နေသည်မို့ သူမဘက် မျက်နှာချင်းမဆိုင်လာခြင်းက နည်းနည်းစိတ်သက်သာရာ ရာစေသည်။

“အဲ့တစ်ယောက်ကို မင်း ဘဏ်ကနေငွေလွှဲပေးတဲ့ကိစ္စက အစ သိပြီးသားပါ.။ငြင်းနေလည်း လေကုန်မှာမို့.။ခုထိ ဘာမှ ပြန်မလုပ်သေးတာ သည်းခံနေတယ်လို့တော့ မထင်လေနဲ့ Maya.”

မျက်နှာချင်းဆိုင်လှည့်လာသော Krist ၏ မျက်ဝန်းထဲက အေးစက်ခြင်းတစ်ချို့ကို မြင်တော့ Maya အမှန်အတိုင်းဆိုရလျှင် လန့်သွားရပါသည်။ထို အကြည့်..ထို မျက်နှာထားတို့သည် Singto ၏ ကိုယ်ပွားတို့ သက်ရောက်နေသည့်အလား.။

“ရှင်~~ မဟုတ်တာတွေ~--”

“Sing သတိပြန်မရလာသေးလို့ ဘာကိုမှ အာ၇ုံမစိုက်ချင်ဘူး.။ဒါကြောင့် မင်းလွတ်လွတ်လပ်လပ်နေပါ။ ပြီးတော့ Nuyen ကို လုပ်ကြံခိုင်းတဲ့ လူတွေကိုလည်း ကျွန်တော်တို့ ခြေရာခံမိနေပြီ.မို့ အနှေးနဲ့အမြန် အဆုံးသတ်ရလိမ့်မယ်.။ မင်း ကိုတော့ Sing သတိရလာတဲ့အခါမှ Sing က ဆုံးဖြတ်ပေးလိမ့်မယ်။ ပြီးတော့ မကြိုးစားလေနဲ့ Maya . ကျွန်တော် Sing ကို ဘယ်တုန်းကမှ လက်လွှတ်ပေးဖို့ မစဉ်းစားခဲ့ဖူးဘူး.။”

နှစ်ကိုယ်တူတိုင်းပြည်Tahanan ng mga kuwento. Tumuklas ngayon