Chapter -17

15.3K 1.3K 82
                                    

နာမည်ကြီးပုဂ္ဂလိက ဆေးရုံ၏ အထူးခန်းတွင် လှဲလျောင်းနေသော Singto ကိုကြည့်ကာ Plon သက်မမောလေးချမိသည်.။ yaya က ကုန်စပြုနေပြီဖြစ်သော ဆေးပုလင်း၏ ပိုက်ကို ဖြုတ်ပေး လိုက်ပြီးမှ Plon အနားလာထိုင်သည်.

“စိတ်မပူပါနဲ့တော့ ဒေါ်လေးရယ်.။အူအတက်ပေါက်တာလည်း မဟုတ်ဘူး.။ အစာအိမ်ပြန်ယောင်နေတာ.။အစကတည်းက P’Sing က အဲ့လိုဖြစ်တတ်တာပဲလေ.။စိတ်မပူပါနဲ့။”

“အင်း.။ဒေါ်လေးက အဲ့ဒါ ထက် သူ ကြုံတွေ့ခဲ့၇တဲ့ အခြေအနေကို ပိုစိုးရိမ်မိတာ.။ ဒါနဲ့ Rom ဟိုကောင်လေး ရော ??”

ဘေးမှာကပ်ရပ်ထိုင်နေသည့် Rom ကို လှည့်မေးလိုက်တော့ ဖုန်းကြည့်နေသည့် သူက မကြားလိုက်တဲ့ပုံဖြင့် ပြန်ကြည့်နေသည်.။

“ဘာပြောလိုက်တာလဲ အမ.~ ”

“ဟိုကောင်လေးရော လို့ ??”

“သြော် Krist က ဟိုဖက်ခန်းမှာ ရှိတယ်.။ သူလည်း ထိခိုက်သွားတာဆိုတော့ ဆေးချိတ်ပေးထားတယ်ထင်တယ်.။ မနက်ကတော့ Nadech ရှိတယ်နဲ့တူတာပဲ”

Mr.Kugi ၏ သားဖြစ်သူမို့ Nadech Kugimiya ကို သဘောမကျသော်ငြား သခင်မ က သဘောကျသည်မို့  အေးအေးဆေးဆေးပဲပြန်ဖြေပေးလိုက်သည်.။ Yaya ကတော့ သွားကြည့်ဦးမည် ဆိုကာ ထွက်သွားသည်.။

“ဒီတစ်ခေါက်ကိစ္စကို မင်းလည်းစုံစမ်းပါ Rom. ဘယ်သူကများ ငါ့သားကို အန္တရာယ်ပေးချင်နေလဲဆိုတာ”

“ဟုတ်ကဲ့ပါ.အမ.။ ခုတော့ တော်သေးတာပေါ့ ။ Sing ကို ဟိုကောင်လေးက မထားခဲ့လို့.”

Plon ဘာမှတော့ပြန်မပြောပါ.။ ကားမောင်းသူဦးလေးကြီး ပြော၍ Krist Perawat က Singto ကို ဂရုတစိုက်ကာကွယ်ပေးခဲ့ကြောင်းသိရခဲ့သည်.။ ဒဏ်ရာ ထိထားတာတောင်မှ လုံးဝ မထားခဲ့သည့်အကြောင်းကို ဦးလေးကြီးက အထင်ကြီးလေးစားစွာ တခုတ်တရ ပြောနေသေးသည်လေ.။ ပြောသွားပါသေးသည်.။ယနေ့ခေတ်တွင် ဒီလို ချစ်တာမျိုးရှားသွားပြီ သခင်မကြီး တဲ့.။

“ဘာပဲဖြစ်ဖြစ်.Sing ရဲ့ အိမ်ထောင်ဖက်က ယောကျာ်းလေး ဖြစ်နေတာ တစ်မျိုးကောင်းသွားတယ်”

“ဘာ !!”

“ဟို--မဟုတ်ဘူး.။ကျွန်တော်ပြောချင်တာက မနေ့ညကလိုမျိုးအချိန်မှာ မိန်းကလေးသာဆို Sing ကို မကူညီနိုင်တဲ့အပြင် Sing ကပါ မိန်းကလေးကို စိတ်ပူနေရမယ်မလား.။ခုတော့ ယောကျာ်းလေးဆိုတော့ Sing ကိုတောင် ကာကွယ်နိုင်သေးတယ်လေ.။အဲ့ဒါပြောတာပါ.။”

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now