(၉)

217 9 3
                                    

ပြုံးပါကလေးရေ ...
တွန့်ချိုးတက်သွားတဲ့နှုတ်ခမ်းထောင့်ချိုးတစ်စုံမှာ
ကိုယ့်အနာတရအားလုံးချုပ်ငြိမ်းတယ်
Phone screen ပေါ်ကအပြုံးတွေမလန်းဆန်းတဲ့အခါ
မီးတစ်စဟာရင်မှာလောင်မြိုက်သလို
တစ်စစ်စစ်နဲ့ပူလောင်လွန်းလှတယ်...

အဝေးကြီးက,ကလေးမျက်နှာလေးနွမ်းနေရင်
ကိုယ့်မတတ်နိုင်ခြင်းတွေကိုကျိန်ဆဲရင်း
ကိုယ့်ရင်ဘတ်တစ်နေရာနာဖျားတယ်
ကလေးအပြုံးတွေနဲ့ကိုယ့်ပျော်ရွှင်မှု
ကလေးရဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ့်အပြုံး
တိုက်ရိုက်အချိုးကျလို့ပေါ့ငယ်ရယ်
Babe boo လေးရဲ့ လှိုက်လှိုက်လှဲလှဲရယ်မောနေတဲ့
ချိုမြမြမျက်နှာနုနုကိုမြင်ရချိန်တိုင်းတော့
ကမ္ဘာမြေကြီးစိမ်းလန်းတယ်
သဘာဝတရားတွေ လှပတယ်
မြင်မြင်ရာ ဘေးဘီဝဲယာတိုင်း နှစ်သက်စရာကောင်းပြီး
ကိုယ့်တစ်နေ့တာ စိတ်ချမ်းသာမှုအတိနဲ့ ပြီးပြည့်စုံတယ်...

#LeoY

P R E C I O U S Where stories live. Discover now