(၁၉)

226 15 3
                                    


တစ်မြေတည်းနေပြီး တစ်လေတည်းရှူ
နာရီပိုင်းမျှ ဖြစ်ပါစေဦး ဒီလူဟာ မြောက်ကြွမြောက်ကြွပေါ့
၄၈နာရီမပြည့်တဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုကို
၄၈ရက်လွမ်းတောင် ဒီအလွမ်းတွေပြယ်ပါ့မလား
အခိုက်အတန့်ဟာ တစ်ဘဝစာမျှ လုံလောက်ခဲ့တယ်..

နင့်မျက်ဝန်းလေးတွေငေးမယ်
နင့်လက်လေးတွေငေးမယ်
ပြီးပြည့်စုံခြင်းတွေ ငါမှတ်တမ်းတင်မယ်
ငါမပိုင်တဲ့ ဒီကလေးလေးကို
Stage စင်အောက်ကနေ
ငေးမောရင်း မျက်ရည်စို့တယ်
ငါ့ကလေးငယ် ထာဝစဉ်အေးမြပါစေ...

လူရယ်လို့ဖြစ်လာပါပြီဆိုတည်းက အခြေချခဲ့တဲ့
ိကိုယ်တိုင်လည်းမြတ်နိုးရာဖြစ်တဲ့ မြန်မာ့မြေမှာ
မပျော်မွေ့တော့ဘဲ ကျောခိုင်းချင်စိတ်ဟာ
နင်ဒီမြေကနေ ပြန်လည်ထွက်ခွာရာကစတယ်..

အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းအတွင်းကအလွမ်းတွေ
လမ်းမထက်တစ်စီပြန့်ကျဲနေတဲ့အလွမ်းတွေ
အိပ်မက်တိုင် သည်းမဲစွာရွာသွန်းနေဆဲအလွမ်းမိုးတွေနဲ့
တစ်ပတ်ရှိခဲ့ပြီ နေသားမကျသေးတာငါ..

နိုင်ငံတွေခြားနေတာ ဘယ်ဘဝရဲ့ ဝဋ်ကြွေးမျိုးလဲငယ်
ဘာသာစကားတွေမတူညီတာကရော ဘယ်လိုလွဲချော်မှုလဲ
ဘယ်လိုဆိုးရွားမှုမျိုးကိုမှ ငါအရှုံးမပေးဘူး
နင်ဆိုတာ ငါမကျွတ်လွတ်ချင်တဲ့ ဝဋ်နာကံနာလေးပေါ့
ငါပြောတာကြားလား.. ကြားသလား
ငါသိပ်လွမ်းတယ်လို့အော်နေတာကြားလား
အသံတိတ်အော်ဟစ်နေတဲ့ ခပ်ကြောင်ကြောင်အရူးတစ်ကောင်ဟာ ငါပါ

မြန်မာပြည်မှာ နင့်ကိုသိပ်လွမ်းနေတဲ့
နေ့ရက်တွေကိုခက်ခက်ခဲခဲ ဖြတ်ကျော်နေရတဲ့
ဒီလူသားတစ်ဦးရှိနေတယ်..
ပြန်လာပါ နင့်မျက်ဝန်းတွေထဲငေးမောလို့
ငါဘယ်လောက်ချစ်လဲပြောပြရဦးမယ်..
ထုတ်ဖော်မပြဖြစ်ခဲ့တဲ့ ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးနေရာဟာ နင့်မူပိုင်ဖြစ်ကြောင်းသိစေချင်သေးတယ်..

မြတ်မြတ်နိုးနိုးချစ်တယ်
နှစ်နှစ်ခြိုက်ခြိုက်တွယ်ငြိချင်တယ်
နင့်လက်ချောင်းလေးတွေထဲ ငါ့စိတ်ဝိညာဉ်တွေ
ကပ်ငြိနေရတာ ပျော်တယ်
ငါရေးတဲ့ ငါ့ကမ္ဘာရဲ့ မနက်ဖြန်တိုင်းမှာ
နင်ပါနေတာ ကျေနပ်တယ်
ငါမကျွတ်လွတ်ချင်တဲ့ ဝဋ်နာကံနာလေးဟာ နင်ပါ
အဆုံးသတ်မရှိ ငါ့ကိုခေါ်ဆောင်သွားပါ
စိတ်ဝိညာဉ်ကအစ နင်မှနင်
သိပ်သိတတ်တဲ့ ငါ့ချစ်ခြင်းတွေကိုယုံပါ

ငါတို့ပြန်ဆုံတွေ့ကြရအောင်..... ။

#SyWy (190202_12:07)

P R E C I O U S Where stories live. Discover now