(၁၆)

156 13 3
                                    

ကျေးဇူးပြု ပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ
ငါ့ရဲ့ တစ်ဦးတည်းသောလေးရေ
ပြေးလာလို့မရတဲ့အကွာအဝေးမှာ
ငါ့မတတ်နိုင်ခြင်းတွေ ကျိန်ဆဲလို့
ငိုမနေချင်ဘူး ~~

ယောင်ယမ်းကာမြောက်တက်သွားတဲ့
လက်တစ်ဖက်ဟာ လေပေါ်မှာတင်ရပ်တန့်သွားသလို
ငါ့ပါးပြင်လည်း ခပ်နွေးနွေးစိုစွတ်ခဲ့တယ်
ထိတွေ့ဖို့နှဖူးပြင်ဟာ တိုင်းတစ်ပါးမှာ~~

စိတ်မှန်းနဲ့သာ ဂရုစိုက်ခွင့်ရှိတဲ့ဘဝဟာ ကူကယ်ရာမဲ့တယ်

ငါ့ဆုတောင်းတွေ
တစ်စုံတစ်ရာလိုအပ်ခဲ့လေသလား
ဘုရားရှင်ဟာ ငါ့အား
ချစ်ခြင်းမေတ္တာတရားကို
ခံစားတတ်စေခဲ့ပေမယ့်လို့
ငါ့ချစ်ခြင်းတရားတွေရဲ့ အရှင်သခင်
နင့်ကိုတော့
ဝေးသောအရပ်မှာ တည်ရှိစေတယ် ~~

ကျေးဇူးပြု၍ လိမ်မာပါ
နင့်မျက်နှာတစ်ချက်နွမ်းရင်
ငါ့အလိုမကျခြင်းတွေ
အုံနဲ့ကျင်းနဲ့ဝင်ရောက်ပြီး
ရောင့်ရဲနိုင်ခြင်းခံတပ်ကို တိုက်စားတယ်
ငါ့ရဲ့တစ်စင်းသောလမင်း နာဖျားတဲ့အခါ
ငါ့မနက်ခင်းဟာကမောက်ကမများစွာနဲ့
စိုးရိမ်ပူပန်မှုတွေ ဆောက်တည်ရာမဲ့တယ်~~

ကျန်းမာရေးဂရုစိုက်ပါကလေးရေ 
ငါ့ချစ်ခြင်းမေတ္တာတရားတွေ
နင်နေကောင်းကျန်းမာဖို့ လုံလောက်ပါစေ။ 

#LeoY (071018_08:23Am)

P R E C I O U S Where stories live. Discover now