(၂၁)

123 9 4
                                    

ဘဝမှာ အေးချမ်းစွာနေသွားချင်တယ်
ချစ်ခြင်းမေတ္တာကိုလည်း အေးမြစွာဖြန့်ဝေချင်တယ်
ဒီလိုပေါ့ငယ် ...
နင်နေကောင်းကျန်းမာစေဖို့ ဆုတောင်းမေတ္တာပို့သရင်း
ငါ့တစ်နေ့တာကို ပုံမှန်လည်ပတ်ချင်တာမျိုး

နင့်နင့်သည်းသည်းလွမ်းလာတော့
စာရေးမှာပေါ့ကွယ်
ချစ်ခြင်းတရားက တဖွဖွထုတ်ဖော်နေမှမဟုတ်ပါဘူး
ငါ့စိတ်ရဲ့အနက်ရှိုင်းဆုံးမှာ နင်ရှိကြောင်း
ဘယ်သူမှသိရန်လည်းမလိုအပ်ဘူးမလား
ငါကစပြီးငါကပဲအဆုံးထိချစ်သွားချင်တာ

မျက်တောင်ဖျားလေးတွေ
နားသယ်စပ်လေးတွေ
ပါးဖောင်းဖောင်းလေးတွေနဲ့
ဆံနွယ်ပျော့ပျော့လေးတွေဟာ
သန့်စင်စွာ မွှေးကြူချင်စိတ်ဖြစ်ပေါ်သော်လည်း
မထိရက်လောက်အောင်လည်း မြတ်နိုးရသေးတာ
အဖိုးထိုက်လွန်းလို့ တန်ဖိုးဖြတ်မရအောင်ပါပဲ
ယုယုယယရင်ခွင်ပိုက်သားလေးလို
ကံသုံးပါးလုံးနဲ့ ပြစ်မှားခြင်းအလျှင်းမရှိ
ဒီမေတ္တာရေစင် သိပ်ကိုသန့်စင်ပါတယ်
ချစ်မဝရပါသော
ပြီးပြည့်စုံတဲ့ ငယ်လေးရေ...

အနာတရအထိအခိုက်ကင်းပါစေ
လျှောက်တဲ့လမ်းတိုင်းဘေးမသီရန်မခပါစေနဲ့
နေ့ညမပြတ်ပို့သတဲ့ ဆုတောင်းမေတ္တာတွေ
နင့်ဆီအကျိုးသက်ရောက်ပါစေ

နင့်မျက်နှာပြင်ထက်က အပြုံးပန်းခိုင်တွေ
ထာဝစဉ် ညှိုးနွမ်းခြင်းမရှိ လန်းဆန်းနေဖို့ရာ
ငါ့အကြီးမားဆုံး အရာခပ်သိမ်းပါ
ဒီထက်ပိုပြီး ဘာများလောဘတက်ရမလဲ
ငါမှမမက်မောတာ....

#SyWy (030719_01:14AM)

P R E C I O U S Where stories live. Discover now