(၁၇)

161 15 0
                                    


၂၀၁၇ တုန်းက က​လးဟာ ပိုချစ်​စရာ​ကောင်းတယ်
ပီဘိက​လေးငယ်​တစ်​ဦးလိုပဲ
ဖြစ်​နိုင်​ရင်​ အချိန်​ကာလ​တွေငါရပ်​တန့်​ထားချင်​မိတယ်
နင့်​ပါးနှစ်​ဖက်​ကိုဖျစ်​ညှစ်​ဖို့
ချစ်​စနိုးနဲ့ နင့်​ဆံပင်​​တွေဖွပစ်​ဖို့ ^^

က​လေးတစ်​​ယောက်​လို ​နေ​​စေချင်ပါရဲ့ ​ငယ်​​လေးရယ်
အရွယ်​​ရောက်​လာတဲ့​ကောင်​​လေးဖြစ်​လာတဲ့​နောက်
ငါတို့ပို​ဝေးသွားကြမှာ ~~

သိပ်​​ချောသိပ်​ခန့်​ဖို့ရာမလိုဘူးက​လေးရဲ့
ငါ့အတွက်​​တော့ ဟန်​​ဆောင်​မှုမရှိ
စကားများပြီး နှုတ်​ခမ်းတစ်​​ထော်​​ထော်
အမူအယာပိုပိုနဲ့ ချစ်​ဖို့​ကောင်းလွန်းတဲ့
က​လေး​လေးပဲ လိုအပ်​ပါတယ်​ ~~~

ရပ်​တန့်​မ​နေတဲ့ မနက်​ဖြန်​များစွာမှာ
ငါ့က​လေးငယ်​ တဖြည်းဖြည်းအရွယ်​​ရောက်​လာ​တော့မယ်
လွတ်​လပ်​​ပေါ့ပါးမှု​တွေ ဆုတ်​​လျော့လာတာနဲ့အမျှ
လောကရဲ့သင်​ယူစရာ​တွေ ​လေ့လာသင်​ယူရင်း
တက်​​မြောက်​လာမယ့်​အရာများစွာထဲ
က​လေးတစ်​​ယောက်​လို ပကတိအပြစ်​ကင်းပြီး
နှစ်​လိုဖွယ်​အပြုံး​တွေ ဟက်​ဟက်​ပက်​ပက်​မရှိ​တော့မှာ
ငါတကယ်​စိုးရွံ့မိပါရဲ့ ~~~

ငါ့ရဲ့တစ်​ဦးတည်း​သော အဖိုးထိုက်​အဖိုးတန်​​လေး​ရေ
မနှစ်​ကဒီလို September လထဲ VOOV မှာ​ဆော့ကစား​နေတဲ့ က​လေးငယ်​​​လေးဟာ သိပ်​ချစ်​ဖို့​ကောင်းလွန်းတယ်​ . . .

P R E C I O U S Where stories live. Discover now