ထိုနေ့ဟာ ဝမ်းနည်းဖို့ကောင်းတဲ့နေ့ ၁ခုပေါ့ နန်းတော်ရဲ့ ထုံးစံအတိုင်း မင်းကြီးနဲ့လက်ထပ်ပြီးလို့ ၁လပြည့်ရင် ပွဲတော်ကျင်းပလေ့ရှိကြပါတယ်"ကျိုင်ချင်း ဟိုကောင်လေးကို ဒီညအတွက်ပွဲတက်ဖို့ခေါ်လိုက်ပါ
"ကောင်းပါပြီ ဒါနဲ့ မင်းအခုထိမိဖုရားခေါင်မရွေးရသေးဘူးနော်
"မရွေးချင်သေးလို့ပေါ့ကွာ
"ဒါနဲ့နေရာထိုင်ခင်းကဘယ်လိုလုပ်မှာလည်း
"အစေခံတွေလုပ်လိမ့်မယ်
"မင်းကတော့ တကယ်ကိုစိတ်မဝင်စားတာပဲ ဒါနဲ့ မင်းရဲ့နှလုံးသားပိုင်ရှင်ကောတွေ့ပြီလား
"ရှာမတွေ့သေးပါဘူးကွာ
"မင်းလည်းရှာတွေ့မှပဲ ဟဟဟ မဟုတ်ရင် လူမမာရုပ်နဲ့
"တော်စမ်း ငါကမင်းကြီးပါ လူ၁ယောက်တော့ရအောင်ရှာမှာပါ
"အေးပါကွာ ငါသွားပြီ
ကျိုက်ချင်းဆိုတာ တန်ရှင်း နဲ့ကျောင်းအတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းပါ အဲ့ကြောင့်လည်း နန်းတော်ထဲမှာ မင်းကြီးကိုပြန်ခံပြောရဲတာသူပဲရှိတယ်လေ
ကျိုက်ချင်း ဝေးလံလှသော အဆောင်ကို လမ်းလျောက်လာပြီး တံခါးခေါက်လိုက်တော့
"ဟုတ် ဘယ်သူလည်းမသိဘူး
"ကြင်ယာတော် ယု မင်းကြီးက ဒီနေ့ ညစာစားပွဲကိုတက်ရောက်ဖို့ပြောလိုက်ပါတယ်
"ဟုတ်ကဲ့
ဒီကောင်လေးကိုကြည့်နေရင်း ရုတ်တရက် လည်ပင်းက မှဲ့လေးကိုတွေ့လိုက်တာကြောင့် မင်းကြီးတန် ရှာနေတဲ့ကောင်လေးကိုသွားသတိရမိတယ်
______"(ဒီလူကြီးဘာလို့စိုက်ကြည့်နေမှန်းမသိဘူး မင်းကြီးကလည်း ဘာလို့ ညစာစားပွဲကို တက်ခိုင်းမှန်းမသိဘူး ဝတ်စရာမရှိပါဘူးဆို)
_____
ညဘက်ညစာစားပွဲအချိန်ညစာစားပွဲဆိုတာ သာမာန်ညစာစားပွဲမဟုတ်ပါဘူး နန်းတော်ဖွင့်ပွဲပေါ့ နန်းတော်ထဲမှာ ပြည်သူတွေကပါ ပါဝင်ဆင်နွှဲကြတဲ့ပွဲလေး၁ခု အဲ့ပွဲမှာ မိဖုရားတွေ အပျိုတော်တွေဟာ အလှပဆုံး ခြယ်သကြတယ်
YOU ARE READING
Royal Love is Hurt but sweet
Historical Fiction[မျက်စိကမြင်တဲ့ အရာကို ဦးနောက်ကလက်မခံနိုင်ခဲ့ရင်တောင် နှလုံးသားကအမှန်တရားဘက်ကရပ်တည်ပေးနေမှာပဲ ] *Own Fic *