Part (19)

6.3K 314 14
                                    

မနေ့က ညကကိစ္စကြောင့် ဝေ့အော်လမ်းမလျောက်နိုင်သော်လည်း အမွှေးနုနုလေးကိုမြင်းသရေမှာခံပေးပြီးစီးခိုင်းတာကြောင့် နာကျင်မှုတော့လျော့နည်းလေ မင်းသားကိုကျိုက်ချင်အရှေ့မှာထားကာ မြင်း၂စီးနဲ့နန်းတော်ကိုထွက်လာခဲ့လေတယ်

______
ယုဖန်နဲ့တခါမှခွဲမအိပ်ဖူးတာကြောင့် တညလုံး အိမ်မက်ဆိုးသာမက်လို့နေတယ်

"မင်းကြီးမကောင်းတော့ဘူး

"ဘာဖြစ်တာလည်းကွာ

"မိဖုရားယုကို မယ်တော်ကြီးက...... မင်းကြီး!

စကားပင်မဆုံးသေးဘူး ထွက်ပြေးသွားသော မင်းကြီးနောက်ကို ရံရွေတော်တွေပြေးလို့နေတယ်

"(ယုဖန်လေး ကိုယ်မေ့သွားတယ် မင်းကိုမယ်တော်ကြီးကတိုက်ခိုက်ချင်တယ်ဆိုတာကို)

ပြေးနေရင်း မြန်မြန်မရောက်နိုင်တဲ့ကိုယ့်ကိုကိုယ်စိတ်တိုမိတယ် လမ်းမှာတွေ့သမျှနန်းတွင်းသူတွေကလည်း ကြောင်ကရပ်နေမိကြတော့တယ် နောက်ဆုံးပြေးရင်းအခန်းထဲဝင်လိုက်တော့ တကိုယ်လုံးအဝတ်တွေဆုတ်ပြဲကာ လက်၂ဖက်ကိုအပေါ်ကနေတွဲချီထားခံရတဲ့ကောင်လေး၁ယောက် နာလို့ပဲလား သတိမေ့နေတာလားတောင်မသိလောက်အောင် အသံမထွက်ပဲ ထိုကောင်လေးကိုအရုပ်တရုပ်လိုရိုက်နှက်နေတဲ့မိန်းမ ဘေးကလူတွေကတော့ မျက်နှာတွေအောက်ကိုငုံ့ထားကြသလို သားကလည်းငိုယိုကာ

"မယ်မယ့်ကိုမလုပ်ပါနဲ့ သားမယ်မယ်ကိုမရိုက်ပါနဲ့

လို့သာတောင်းပန်နေတယ် သားကိုထိန်းထားတဲ့ လူ၁ယောက်ကလည်း ငိုယိုနေတဲ့ကလေးကို ချော့ပေမယ့် ကလေးကအတင်းကိုငိုနေတော့တယ်

"တော်တော့ ဘယ်သူက ယုကိုရိုက်ရဲတာလည်း

"ငါပဲ

"မယ်တော် ဘာလို့ယုကို

"သူကသားကိုသတ်ဖို့ကြံတယ်လေ ဘုရင်ကိုသတ်ဖို့ကြံရင်သေဒဏ်ပဲဆိုတာသားလည်းသိတာပဲ

"ဒါပေမယ့် ကျွန်တော်သူဘာလို့သတ်ချင်လည်းဘာကြောင့်ကယ်ရလည်း ဆိုတာမဖော်ထုတ်ရသေးသလို ဒီအခန်းထဲကိုလည်းဘယ်သူမှပေးမဝင်ခိုင်းထားဘူး မယ်တော့မျက်လုံးထဲမှာမင်းကြီးဆိုတဲ့ကျွန်တော်ကောရှိလား

Royal Love is Hurt but sweet Where stories live. Discover now