Part (15)

7.3K 362 11
                                    

7နှစ်ကြာပြီးနောက်.........

ရှင်းကလွန်ခဲ့တဲ့ 7နှစ်က သူငယ်ချင်းမင်္ဂလာဆောင်သွားခဲ့တာမဟုတ်မှန်း ယုဖန်သိပါတယ် သွားခါနီးစိတ်အနှောက်အယှက်မပေးချင်လို့သာ သူပြောသလိုဟန်ဆောင်ခဲ့တာပေါ့

မင်းကြီးမရှိတော့ မယ်တော်ကြီးကတိုင်းပြည်ကိုအုပ်ချုပ်တယ်လေ ကျွန်တော်ကိုလည်း တိုက်ခိုက်ဖို့အမြဲစဉ်းစားတယ် ဒါပေမယ့် ကျွန်တော်က ညံကောင်းတယ်ပြောရမလား ဘယ်တော့မှမအောင်မြင်ဘူးလေ သားလေးလည်း ၇နှစ်ပြည့်ပြီနောက်နှစ်ဆိုသားကြီးလည်းပြန်လာတော့မယ်

"မယ်မယ်

"ဟွာစန်းလေး ကဲပြောပါဦးစာလိုက်လုပ်ရဲ့လား

"လုပ်ပါတယ် မယ်မယ်ရဲ့ ဒါနဲ့လေ အကိုတော်က နောက်နှစ်ပြန်လာမှာလား

"ဒါပေါ့သားရဲ့

"ကိုကြီးနဲ့တွေ့ချင်ပြီ

"မယ်မယ်ကောပဲ

သားငယ်လေးကတကယ်ကို ကျွန်တော်နဲ့တူလွန်းတယ် ဖြူဝင်းနေတဲ့အသားရေ လှပတဲ့ နှုတ်ခမ်းလေးတွေကြောင့် စာသင်ဆောင်မှာ မိန်းကလေးနဲ့အမြဲမှားခဲ့ရတယ် ဟွာစန်းလေးက သူ့ကိုဘယ်လိုပြောပြော ပြုံးပြုံးပဲနေတယ် လူချစ်လူခင်လည်းပေါတယ် အစေခံတော်တော်များကလည်း ချစ်ကြတယ်

"မိဖုရား ယုဖန် မယ်တော်ကြီးက ပန်းဦးယျာဉ်ထဲခေါ်လိုက်ပါတယ်

"လာခဲ့ပါ့မယ်

"သားတော် သွား နောက်ဆရာလာတော့မယ်မလား

"ဟုတ် အဲ့ဆို သွားခွင့်ပြုပါဦး

"အင်း

_______
"မယ်တော်ကြီး ဂါဝရပြုပါတယ်

မင်းကြီးထွက်သွားပြီးထဲက ယုဖန်ဆိုတာလည်း သားလေးကလွဲလို့ အပြုံးအရယ်လုံးဝကင်းမဲ့လို့သွားတယ်

"မတွေ့ရတာကြာပြီနော်

"မတွေ့ချင်လို့ရှောင်နေတယ်ဆိုရင်ပိုမှန်ပါတယ်

"အော် ထိုင်ပါဦး

"ကျေးဇူးပါ

"မင်းကြီးနောက် ၄ရက်လောက်နေရင်ပြန်လာမယ်

Royal Love is Hurt but sweet Where stories live. Discover now