Part (13)

7.4K 376 12
                                    

ဒီနေ့ ညီလာခံဟာ အရင်ကထက်စီကားကာ ဆူညံလို့နေတယ် အကြောင်းကတော့ လွန်ခဲ့တဲ့ ၁ပတ်က မင်းကြီးဟာ အတိုင်းတိုင်း အပြည်အပြည် လက်အောက်ခံတိုင်းပြည်တွေကခေါင်းဆောင်တွေကို လာခိုင်းတာကြောင့်ပဲဖြစ်တယ်

"မင်းကြီးကြွချီလာပြီ

မင်းကြီးဟာ ဒီနေ့မှ ပြောင်လက်နေသည်ဟုတောင်ထင်မှတ်ရသည် ပြုံးနေသောမင်းကြီးကြောင့် အခြေအနေကောင်းသည် ဟုသာထင်မှတ်ကြသည်

"ဒီနေ့ ငါကိုယ်တော် သတင်းကောင်း နဲ့ သတင်းဆိုး၂ခုသယ်လာတယ် ပုံမှန်လူဆို သတင်းဆိုးအရင်နားထောင်လိမ့်မယ် ဒါပေမယ့် ကိုယ်တော်သတင်းကောင်းအရင်ပြောချင်တဲ့ အဲ့ဒါကတော့ တိုင်းပြည်ရဲ့ တာဝန်ကိုဆက်လက် ထမ်းစောင်မယ့်ကလေးကို မိဖုရား ယုဖန် လွယ်ထားတာ ၅လရှိပြီ

"ဟင် မဖြစ်နိုင်တယ်

"မိဖုရားယုဖန်ကယောက်ျားလေးမလား

စသည်စသည်ဖြင့် ဆူညံနေတာကြောင့်

"မင်းတို့အားလုံးမယုံဘူးဆိုတာသိတယ် ငါကိုယ်တော်လည်းမယုံခဲ့တာ ကြောင့် သမားတော်ကိုမေးခဲ့တယ် မင်းတို့အတွက်လည်း ငါခေါ်ပေးထားတယ် သမားတော်နဲ့ နက်ခတ်ဆရာကိုခေါ်လိုက်

"ဟုတ်

"မင်းကြီးကိုဂါဝရပြုပါတယ် x2

"ရပါတယ် မိဖုရား ယုဖန်ရဲ့ ကလေးအကြောင်းပြောလိုက်ပါ

"ဟုတ်ကဲ့ပါ မိဖုရား ယုဖန် က နန်းတော်ထဲမှာ သူစစ်ဆေးရင် သူကလေးရှိမှာလူသိမှာဆိုးပြီး အန္တရာရှိလာမှာဆိုးတာကြောင့် နန်းပြင်မှာ သမားတော်နဲ့ပြနေတာပါ ကလေးက ကျန်းကျန်းမာမာပဲရှိပါတယ်

" နတ်ခတ်သမား

"ဟုတ်ကဲ့ပါ မိဖုရားယုဖန်က အပြာရောင်ကြယ်နေ့မှာထဲက မင်းကြီးနဲ့အတူနေခဲ့ပြီး ရရှိခဲ့တာပါ

"မောင်မင်းတို့ယုံပြီမလား ကဲ အဲ့တော့အခု သတင်းဆိုးပြောပြမယ်

အခန်း၁ခုလုံးက အပ်သံပင်မကျရလောက်အောင် တိတ်ဆိတ်သွားတယ်

"လီမိသားစုကိုဖမ်းဖို့ ငါ့ကိုယ်တော်အမိန့်ပေးတယ်

စစ်သည် တချို့ရောက်လာပြီး လီအမတ်ကြီးကိုဖမ်းသလို သူတို့အိမ်ကိုလည်းသွားကာ ၁အိမ်လုံးကိုဖမ်းလိုက်တယ်

Royal Love is Hurt but sweet Where stories live. Discover now