Part (16)

6.3K 325 2
                                    

ကျွန်တော် ဘယ်လောက်ထိရပ်နေမိမှန်း
ကျွန်တော်မသိတော့ဘူး ဝေ့အော်ကိုမြင်လိုက်ရတဲ့ တခဏမှာပဲ ကျွန်တော့လောကကြီးရပ်သွားခဲ့တယ်

"ဟို ကိုယ်စားလှယ်ကြီး

"အန် အော် အေးပြော

"ဓားပြတွေ တိုက်တဲ့လက်နက်ထဲမှာ ဟိုဟာတွေပါလာတယ်

"ဘယ်ဟာလည်း

ထိုလူ့ကြည့်ရတာကြောက်နေပုံပေါ်တာကြောင့် ကြည့်လိုက်တော့ လက်ချောင်းတွေအများကြီး

"ဒါဘာလုပ်ဖို့လည်း

"ကျွန်တော်တို့လည်းသေချာမသိပါဘူး

"လက်နက်တွေနဲ့ ဒီဟာတွေနဲ့ခွဲထားလိုက်

"ဟုတ်

"ခဏ ပြီးတော့ အဲ့လူတွေအကြောင်းသိချင်တယ်

"ဟုတ်

"(ဝေ့အော် ပြန်တွေ့ပြီပေါ့ ဒီ၁ခေါက်တော့ကိုယ်မင်းကိုရအောင်ပြန်ခေါ်သွားမယ်)
__________
ရဲမက်၁ဦးရဲ့ စုံစမ်းချက်အရ ဝေ့အော်က ကြာဓားပြအဖွဲ့ခေါင်းဆောင်ရဲ့သားဆိုတာသိလိုက်ရတယ် လောလောဆယ် ဓားပြခေါင်းဆောင်က တခြားဒေသကိုသွားနေတယ်လို့လည်းသိထားတယ် အဲ့ဒါကြောင့်လည်းအကြံဖော်ဖို့ပြင်ရတော့တာပေါ့

"စွေ့ခုန်

"ဟုတ်

"မင်သားကိုပြောလိုက် ငါ ဒီ ၁ပတ်လောက် ပြန်မလာဘူးလို့

"ဗျာ

"အဲ့လိုသာပြောလိုက် ပြီးတော့ ငါမရှိတုန်း ဒီနေရာကို မင်းသေချာစောင့်ကြည့်ထား

"ဟုတ်

"အဲ့ဆိုငါသွားတော့မယ်

သူတို့ ဓားပြတွေရဲ့ တည်နေရာကိုပါသေချာရထားတာကြောင့် သူတို့ဝတ်စုံကိုဝတ်ကာ

"ဘယ်သူလည်း

"ဒီက သခင်လေးကို ခေါင်းဆောင်ကစာပေးခိုင်းလို့ပါ

"ဟုတ်လား အဲ့ဆို ဟိုအခန်းထဲသွားလိုက်ပါ

"ဟုတ်

အခန်းဆိုတာထက် အစောင့်ချထားတဲ့ တဲလေးထဲဝင်လာလိုက်တယ် ချစ်ရသူကတော့ စာပွဲပေါ်မှာ ဟင် ကျွန်တော့ပုံတူဆွဲထားတဲ့ပုံတွေပဲ ပြီးတော့ သူကဘာလို့ မောနေပုံပေါက်တာလည်း

Royal Love is Hurt but sweet Where stories live. Discover now