မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ဘေးမှာထိုင်နေသော မင်းကြီးရှင်းနဲ့ ယုဖန်
"မင်းကြီး
"ကျိုက်ချင် ခေါင်းအဆင်ပြေလား
"အင်းပြေတယ် ဒါနဲ့ ဝေ့အော်ကော
"...
"မိဖုရားယု ဝေအော်ကောလို့
"သူမရှိတော့ဘူး ကျိုက်ချင်
"ဘယ်သွားလို့လည်း
"သူ့ကိုမနေ့ကပဲ အဆုံးစီရင်လိုက်ပြီ
"မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး မနောက်ပါနဲ့ရှင်းရာ
"တကယ်ပြောတာပါ
"မယုံဘူး မယုံဘူး ကျွန်တော်ကိုယ်တိုင်ရှာမယ်
အပြင်ထွက်ဖို့ပြင်နေတဲ့ ကျိုက်ချင်ဟာ မင်းကြီးအမိန့်ပေးထားတဲ့ အစေခံတွေလက်ထဲမှာ မိလို့နေတယ်
"တောင်းပန်ပါတယ် ဝေ့အော်ကိုပြန်ခေါ်ပေးပါ
မင်းကြီးက ခုံပေါ်မှာတင်ထားတဲ့ ဆေး၁ခွက်ကိုယူကာ တိုက်လိုက်တယ်
"စိတ်ငြိမ်ငြိမ်ထားပါ မင်းတုန်လှုပ်နေရင် အရာရာ ပျက်ဆီးသွားလိမ့်မယ်
စိတ်ငြိမ်ဆေးကြောင့် မလှုပ်မယှက်ဖြစ်နေသောကျိုက်ချင်ကို မွေ့ယာပေါ်မှာအနားယူစေပြီး အပြင်ထွက်လာခဲ့ကြတယ်
"ကိုယ်ရံတော် ကျိုက်ချင်ကို မဟုတ်တာမလုပ်မိစေဖို့အမြဲစောင့်ကြည့်နေပါ
"ဟုတ်
"လာ ယုလေး
တရှုန့်ရှုန့်နဲ့ငိုနေသော ယုဖန်လေးအတွက် တကယ်ပင်စိတ်မကောင်းဖြစ်ရသည် ဝေ့အော်ဆိုတာကလည်း ယုဖန်ကိုအမြဲစောင့်ရှောက်နေတဲ့ လူ၁ယောက် တနည်းပြောရင် ညီအကိုနည်းပါးခင်တာမို့လို့ ယုဖန် သတင်းကြားကြားခြင်း လဲကျသွားတဲ့အထိဖြစ်သွားတယ် သူကကလေးရှိနေတာမို့လို့ သူ့ကိုစိတ်မရှုတ်အောင် ဂရုစိုက်ရတာပေါ့
မင်းကြီးရှင်းရဲ့ အမိန့်အရ ကျိုက်ချင်ကို အမြဲတမ်းဘယ်သွားသွား ရဲမက်၂ယောက်ကစောင့်ကြည့်နေလေတယ် မလွတ်လပ်သော်လည်းပြောခွင့်မရှိတာကြောင့် လုပ်စရာများကိုသာလူပ်နေမိတယ် အလုပ်များများလုပ်ရင်မေ့မလားလို့ပေါ့
_________
3လခန့်ကြာသော်
YOU ARE READING
Royal Love is Hurt but sweet
Historical Fiction[မျက်စိကမြင်တဲ့ အရာကို ဦးနောက်ကလက်မခံနိုင်ခဲ့ရင်တောင် နှလုံးသားကအမှန်တရားဘက်ကရပ်တည်ပေးနေမှာပဲ ] *Own Fic *