မနက်စောစောစီးစီး မင်းကြီးရဲ့ လူယုံလာခေါ်တာမို့လို့ နိုးတာနဲ့ပြေးသွားလိုက်တယ်
"မင်းကြီး!
"အော်မင်းလာပြီလား
"မင်းကြီး၁ညလုံးအိပ်မပျော်ဘူးလား
"အင်းမပျော်ဘူး ငါရင်ထဲလေးနေတယ် ယုဖန်လေး၁ခုခုဖြစ်နေတာလားမသိဘူး
"သူပြန်လာတဲ့လမ်းမှာပါ မင်းကြီးစိတ်ထိန်းပါဦး
"မဟုတ်ဘူး သူတို့ထွက်လာတဲ့ နေ့နဲ့တွက်ကြည့်ရင် ဒီနေ့ မနက်ခင်းသူတို့ရောက်ရမှာ အခုထိမရောက်သေးဘူး
"သူတို့ ၁နေရာရာမှာအနားယူနေလို့နေမယ်
"ဟင့်အင်းမဖြစ်နိုင်ဘူးဘငါကိုယ်တိုင် သေချာရွေးပြီးမှာလိုက်တဲ့လူတွေက အဲ့လိုမလုပ်ရဲလောက်ဘူး ကျိုက်ချင် မင်းနန်းတော်ထဲကထွက်ပြီး မြို့အထွက်ဂိတ်တွေကိုလိုက်စစ် လူလိုသလောက်ခေါ်သွား ပြောမရရင် သတ်ပြစ်လိုက်
"အဲ့လောက်ထိတော့မလိုဘူးထင်တယ်
"ငါမသိတော့ဘူး တော်ပြီငါကိုယ်တိုင်ချင်းတိုင်းပြည်ကိုသွားတဲ့အပေါက်ကနေစောင့်မယ် အခုချက်ချင်းသွားဖို့ပြင်
"ဟုတ်
ဘုရင့်အမိန့်ကြောင့် အားလုံးရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြတယ် မိဖုရား ကြင်ယာတော်တွေအထိတောင် လှုပ်ခတ်သွားခဲ့တယ်
"ဟဲကြားပြီးပြီလား
"အေး ထူးထူးဆန်းဆန်း မင်းကြီးကိုယ်တိုင်သွားခေါ်တယ်ဆိုတော့
"မင်းကြီးသူ့ကိုတော်တော်ချစ်တာပဲ
"အဲ့၁ယောက်က မင်းကြီးကို မှော်နဲ့ ညှို့ထားတာနေမှာပေါ့
စသည်စသည်ဖြင့် နန်းတော်ထဲမှာ ဆူညံလို့နေလေတယ်မင်းကြီးကတော့ နန်းတော်ထဲကနေထွက်ကာ ချင်းတိုင်းပြည်သွားတဲ့ဂိတ်ကိုထွက်လိုက်တယ် မရပ်မနားနှင်တာ ဟိုကို ညနေလောက်မှရောက်သွားတယ် ရဲမက်တွေကလည်းထူးထူးဆန်းဆန်းမင်းကြီးရောက်လာမှုကြောင့်
"မင်းကြီး ဘယ်လိုကိစ္စကြောင့်များ ဒီရောက်လာတာလည်း
"ဒီကနေ ဖြတ်တဲ့ဘုရင့်စစ်သည်တွေကိုမြင်မိလား
YOU ARE READING
Royal Love is Hurt but sweet
Historical Fiction[မျက်စိကမြင်တဲ့ အရာကို ဦးနောက်ကလက်မခံနိုင်ခဲ့ရင်တောင် နှလုံးသားကအမှန်တရားဘက်ကရပ်တည်ပေးနေမှာပဲ ] *Own Fic *