Part (20) Final

13.1K 529 25
                                    

"ယုဖန်ကအဲ့လူရဲ့သားလား
________
ယုအဆောင်မှာ ဝေ့အော်ဝင်လာတော့ တချို့တွေက သရဲမြင်သလိုလန့်ပြေးကြတယ် ဒါကဝေ့အော်အတွက်မထူးဆန်းပါဘူး နန်းတော်စဝင်ထဲက အဲ့လိုဖြစ်နေကြတာပဲကို မင်းသားကြီးကိုပါခေါ်ခဲ့လိုက်တယ် မင်းကြီးနဲ့မတွေ့ပေးချင်သေးဘူး

"သခင်လေးကျွန်တော်ပြန်လာပြီ

"အွန်းးးး

လက်မှားဆွဲမိတာကြောင့် လှုပ်လာတဲ့သူကိုကြည့်လိုက်တော့ သေးသေးလေး စောင်ထဲဝင်နေလို့မမြင်မိလိုက်တာ

"(ဘာလေးလည်းဟ)

"ကျွန်တော့မယ်မယ်ကော

မျက်လုံးလေးပွတ်ကာ အိပ်ချင်မူးတူးပြောနေတဲ့ကောင်လေးကို ဘေးကကောင်လေး၂ယောက်ကငေးနေမိတယ်

"ဟင် ခင်ဗျားတို့ကဘယ်သူလည်း မယ်မယ်ကိုဘာလုပ်ကြမို့လည်း

ဘေးကအိပ်နေတဲ့ယုကိုဖက်ကာ အော်နေတယ်

"ကလေးရယ်စိတ်ကြီးပဲ ဦးက မင်းမယ်မယ်နဲ့သိတဲ့သူပါ

"အဲ့ဆိုသူကကော

သူနဲ့ရွယ်တူကောင်လေးကိုလက်ညှိုးထိုးပြတာကြောင့်

"သူက မင်းသားကျောက်ရိပါ

"အ အကိုတော်လား မ မဖြစ်နိုင်တာ 8နှစ်ပြည့်မှပြန်လာမှာဆို

"အာ ဒါဆို မင်းလေးက မင်းသားငယ် ဟွာစန်ပေါ့

"ဟုတ်

ရုတ်တရက်တိတ်ဆိတ်နေတဲ့အခြေအနေ၁ခုဖြစ်သွားတာကြောင့်

"မင်းသားကျောက်ရိ နဲ့ မင်းသား ဟွာစန်းလည်း မတွေ့တာကြာတော့ စကားပြောကြပေါ့ သွားသွား မင်းတို့မယ်မယ်နားမှာ ဦးနေပေးမယ်နော်

"အင်း

"ဟုတ် လာ ညီလေး

တချိန်ထဲမွေးပေမယ့် လူတွေနဲ့ တရင်းတနှီးနေခဲ့ရတဲ့ ကျောက်ရိကတော့ တက်ကြွစွာပဲ ဖြူဖြူသေးသေးလေးက်ုလက်ဆွဲကာခေါ်သွားတယ် ဖွင့်ဖြိုးမှုလည်းမြန်တယ်လို့ပြောရမယ် သားကြီးက အရပ်လည်းတော်တော်စထွက်နေပြီ တိုက်ခိုက်ရေး ပညာရေးတွေလည်းတော်တော်ရနေပြီမလို့ သူ့ခမည်းတော်ခြေကိုနင်းတာသိသာပါတယ်

Royal Love is Hurt but sweet Where stories live. Discover now