- 8 -

8K 1K 39
                                    

Dancing On Youe Heartbeat ( 8 )

Unicode

ကမ္ဘာကို ယိုင်လဲသွားစေပါသော စကား​ဖြစ်သည် ။

" မစွန့်လွှတ်နိုင်ပါဘူး ဘာလို့လဲ ? "

ဂျီမင်းက ခေါင်းခါလျက် မျက်ရည်တွေကို သုတ်
ပစ်ကာ ပြောသည် ။

" ပတ်ဂျီမင်း !!! အရူးထမနေစမ်းနဲ့ !!! "

" အစ်ကိုသာ ရူးနေတာ !!! သူ့မှာ ချစ်သူရှိတာ !!!
မိန်းမရှိနေတာမှ မဟုတ်တာ ! "

ဂျီမင်း ပုံစံက စိတ်လွတ်နေသလို ခံစားချက်တွေ
ပေါက်ကွဲထွက်နေသည် ။

" ဟမ် ? ပတ်ဂျီမင်း !!! "

ဟိုဆော့က ဂျီမင်း ပုခုံးကို လှုပ်ကိုင်ကာ အသိစိတ်

ဝင်အောင် ခေါ်လိုက်သည် ။

" မိန်းမ ရှိရုံမကလို့ ယောကျာ်းရှိလည်း ဂရုမစိုက်ဘူး "

ဟိုဆော့ လက်နှစ်ဖက်ကို ဖယ်ကာ ဂျီမင်းက ထွက်
သွားဖို့ လုပ်သည် ။

" ရူးနေပြီလား ?!! ဘာတွေစဉ်းစားနေတာလဲ !!?
ဇွတ်ပြီး တဇွတ်ထိုးလုပ်မနေနဲ့ ! အစထဲက မဖြစ်
သင့်မှန်း သိရင် မင်းနောက်ဆုတ်လိုက်တာ ကောင်း
တယ် ! "

ဟိုဆော့က ဂျီမင်း လက်ကို ဆွဲထားကာ တားလိုက်သည် ။

" မဖြစ်သင့်ဘူးလို့ ဘယ်သူပြောလဲ ? မဖြစ်သင့်ဘူး
ဆိုတာနဲ့ရော ကျွန်တော်က နောက်ဆုတ်ပေးရမှာလား ? "

" တော်ပါတော့ !!! "

ပတ်ဂျီမင်းဟာ ဒီလိုခေါင်းမာတဲ့ ကလေးဆိုတာ အစ
ထဲက ကြိုသိခဲ့ရင် အစောကြီး ကြိုတားမိခဲ့မှာ ။

" မတော်ဘူး !!! ကျွန်တော်က ကျွန်တော့် ဘာသာ
ဆက်ပြီး သူ့နားတွယ်ကပ်နေမှာမို့ တားဖို့တော့
မကြိုးစားနဲ့ ဒါပဲ ! "

ပြောချင်ရာပြောပြီး လှည့်ထွက်သွားသော ဂျီမင်း ရဲ့
ကျောပြင်ကို ဟိုဆော့ ငေးကြည့်လျက် သက်ပြင်းချ
မိသည် ။

" မင်းကို စောစောစီးစီး မပြောပြခဲ့မိတဲ့ ငါ့အမှားပဲ
ပေါ့ ။ ငါ့ကိုယ်ငါပဲ အပြစ်တင်ရတော့မယ် ဂျီမင်းရယ် "

                                     //

ဘာပဲဖြစ်ဖြစ် ရှေ့ဆက်တိုးမည် ဟု ဆုံးဖြတ်ထားခဲ့
သော်လည်း ဝမ်းနည်းစိတ်က ဆက်တိုက် ဝင်လာ
ကာ ပေါက်ကွဲချင်စိတ်ဖြစ်သည် ။

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now