- 9 -

7.9K 1K 29
                                    

Dancing On Your Heartbeat ( 9 )

Unicode

ဒီအသံ ။ ဒီလိုခေါ်တဲ့ နာမည်ဟာ သူပဲလေ ။

ဂျီမင်း က အသံလာရာ လှည့်ကြည့်ကာ အချိန်
တော်တော်ကြာ ကြောင်ကြည့်နေရင်း အံ့သြနေ
မိသည် ။

"ဂျီမင်းရှိ ? ဟုတ်တယ် မလား ? ဂျီမင်း မလား ? "

​ဂျောင်ကုက ဝိုးတဝါးဖြင့် မရေရာ ဖြစ်နေသည် ။

"ဂျောင်ကု ? "

" ဟုတ်တယ်လေ ! ကျွန်တော် ! "

ဒီချိန်ကြီး ဂျောင်ကုဟာ ဒီနေရာမှာ ရှိနေတာကိုက
မယုံနိုင်စရာ ။

" ဂျောင်ကု ! "

ဂျီမင်း မသိလိုက်တဲ့အချိန်မှာ ဂျောင်ကု ရင်ခွင်ထဲကို
ရောက်နှင့်ပြီး ဖြစ်နေသည် ။

တိုးညင်းသော အသံများဖြင့် ဂျောင်ကုက ခေါ်လိုက်
သည် ။ ထို့ပြင် အထူးတဆန်း ဖြစ်နေဟန်လည်း ပေါ်
သည် ။

" ဂျီမင်းရှိ ? "

ရုတ်တရက်ကြီး အသိစိတ်လွတ်ကာ အရမ်း တွေ့
ချင်နေတာမို့ သတိရနေမိတာမို့ အဲ့ဒီ စိတ်နဲ့ပဲ ပြေး
ဖက်မိလိုက်တယ် ထင်ပါသည် ။ ပြီးတော့မှ ဂျီမင်း
က ဂျောင်ကုကို အတင်း တွန်းထုတ် လိုက်ကာ
ခေါင်းကို ငုံ့ထားလိုက်သည် ။

" အာ တောင်းပန်ပါတယ် ! တကယ် ! တကယ် !
မရည်ရွယ်ပါဘူး ! ရုတ်တရက် တွေ့လိုက်ရတော့
ဟို ... "

ဂျီမင်း ဘာဆက်ပြောမလဲ ဆိုတာကို စိတ်ဝင်တစား
ကြည့်နေတဲ့ ဂျောင်ကုကြောင့် ဂျီမင်းက ရှက်နေ

မိသည် ။

" တွေ့ချင်နေတာနဲ့ အယောင်ယောင် အမှားမှားဖြစ်
ပြီး မှားသွားတာ ... "

ဂျောင်ကုက သွားလေးတွေ စီတန်းပေါ်သည်အထိ
နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည် ။

" ဟုတ်လား ? အစ်ကို ဟိုဆော့ ပြောတော့ ပြန်သွား
တယ်ဆို ? ဒီချိန်ကြီး ဒီကို ဘာလာလုပ်တာလဲ ? "

" ပြောပြီးပြ်ီးလေ ! တွေ့ချင်လို့ပါဆို ! "

ဂျီမင်း စကားကြောင့် ဂျောင်ကု စက္ကန့်ပိုင်းမျှ ဆွံ့အ
သွားသည် ။

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now