- 13 -

7.8K 1K 67
                                    

Dancing On Your Heartbeat ( 13 )

Unicode

နှစ်ယောက်တူတူ လမ်းလျှောက်လာခဲ့ကြသည် ။
သို့သော် တစ်သက်စာအတွက်မဟုတ် ။

အချိန်တွေဟာလည်း ဘယ်လို အကုန်မြန်ခဲ့လဲမသိ ။

" ဟာ ... လမ်းလျှောက်နေတာ တစ်နာရီ နီးပါးရှိ
တော့မယ် "

" ဟုတ်လား ? ကျွန်တော်က သတိတောင် မထားမိ
လိုက်ဘူး ! "

" ဟုတ်ပါရဲ့ ။ ကျွန်တော်တို့ လမ်းလျှောက်ရင်း
စကားကောင်းနေတာ ။ သတိတောင် မထားမိဘူး ။
ဒီနားမှာ ကော်ဖီဆိုင် ရှိတယ် ! အတူတူ သွားရအောင် ! "

" အင်း ကောင်းပြီလေ ... "

အတူတူ ကော်ဖီဆိုင်ကို သွားနေတဲ့ လမ်း တစ်
လျှောက်ဟာ တကယ့် ချစ်သူတွေလို ခံစားရသည် ။

                                     //

ဂျောင်ကုက လမ်းတစ်လျှောက်လုံး ဂျီမင်း မျက်နှာ
ကိုပဲ ငေးကြည့်ရင်း ဂျီမင်း စိတ်ဆိုးနေတုန်းလို့ ထင်
နေသည် ။

ခုဏက ပြောမိသွားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး
စိတ်များ ခုသွားသလား ။ ခုဏက ကောင်မလေး
အကြောင်းပြောလိုက်တာ မှားသွားတာများလား
ဆိုတာ အတွေးထဲ လည်​နေသည် ။

" ဂျီမင်းရှိ ! မျက်နှာသိပ်မကောင်းပါလား ?
ကျွန်တော်နဲ့ တူတူ လမ်းလျှောက်ရတာ စိတ်
မသက်မသာဖြစ်လို့လား"

" မဟုတ်ပါဘူး ! "

ဂျီမင်းက ပြုံးရင်း ပြန်ပြောလိုက်ပေမယ့် အကဲပိုနေ
သူက နေမထိထိုင်မသာ ဖြစ်နေသည် ။

" ဒါဆို မပျော်လို့လား ? "

" မဟုတ်ပါဘူး ! "

" ဒါဆို ဘာလို့လဲ ? "

" ဘာမှမဖြစ်ပါဘူး ! "

" တစ်ခုခုဖြစ်နေပါတယ် ! "

ဂျောင်ကုကြောင့် ဂျီမင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံး
လိုက်မိသည် ။

" မဖြစ်ပါဘူး တကယ်ပါ !! "

ဘာဖြစ်နေလဲဆိုတာကို ရင်ထဲရှိတဲ့အတိုင်း သဘောကျနေတာပါလို့ ဒီနေရာမှာပဲ ပြောပြလိုက်
ရင်ရော ။ ဖြစ်လာမယ့် ရလဒ်က ဘာလဲ ။ ဘာမှ
လည်း မဆိုင်ဘဲ ရုတ်တရက် ထပြောသလိုကြီး
ဖြစ်နေမည် ။

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now