- 31 -

8.6K 971 46
                                    

Dancing On Your Heartbeat ( 31 )

Unicode

မနှစ်က ဒီဇင်ဘာမှာ နှင်းတွေဟာ မုန်တိုင်းဖြစ်သလိုဆက်တိုက်ကျနေတုန်းက နောက်ဆုံး ဆုံတွေ့ခဲ့ခြင်း
သာ ဖြစ်သည် ။  ဘယ်နေရာကို ငေးကြည့်လိုက် ငေး
ကြည့်လိုက် နှင်းတွေ ဖုံးနေတော့ အတိတ်ဟောင်း
တွေကို ပြန်ဆွကာ သတိရမိပါသေးသည် ။

အခုတော့ လမ်းပေါ်မှာ နှင်းပုံတွေ တဖြည်းဖြည်း
လျော့လာပြီး အအေးဓာတ်ကလည်း တဖြည်းဖြည်း
လျော့နည်းလာပြီ ။

ဂျီမင်းက လည်ပင်းမှာ ပတ်ထားတဲ့ ဂျောင်ကု နာမည်
ပါ မာဖလာလေးကို ဆုပ်ကိုင်ထားလိုက်မိသည် ။

ဒီဇင်ဘာမှာ ငါတို့ ဝေးကွာခဲ့ကြတယ် ။
ဒီဇင်ဘာရဲ့နှင်းတွေကြား ငါတို့ စကားတွေများခဲ့ကြတယ် ။
ခုတော့ နွေဦးတောင်ရောက်တော့မယ် ကောင်လေး ။

ပြန်လာမလားလို့ မျှော်နေမိသေးတယ်ဆိုရင် မျှော်မသူဟာ အရူးပဲဖြစ်လိမ့်မည် ။ တကယ်တမ်း လက်
လွှတ်လိုက်သူက ကိုယ်တိုင်ပဲမို့ ရူးတယ်ဆိုလည်း
ဆိုကြပါတော့ ။

ချစ်မိခဲ့တာဟာ ဘဝအဆက်ဆက်က လာခဲ့တဲ့ ခံစား
မှုမျိုးနဲ့ ။ နောက်ဘဝတွေထိ ပေးဆပ်နေမယ့် ခံစား
ချက်တွေနဲ့ သိပ်ကို ချစ်ခဲ့မိရုံပါ ။

ကမ်းစပ်လေး တည်ငြိမ်နေတုန်း နောက်တစ်ကြိမ်
လာရိုက်ခတ်သွားတဲ့ ရေလှိုင်းငယ်ရယ် ။ တစ်ခေါက်
အလည်လာ လှည့်ပါဦး ။ တစ်ခါတစ်လေလည်း
သတိရပါရဲ့ ။

တစ်ခေါက် နှစ်ခေါက် သုံးခေါက် အကြိမ်ပေါင်းများ
စွာ နာကျင်ရမယ်ဆိုလည်း အဲ့ဒီ နာကျင်မှုက လွတ်ရုန်း
ဖို့ မစဥ်းစားမိတော့ပါ ။ ဒီ ကောင်လေးနဲ့ ပတ်သက်
ရင် နာကျင်ရဖို့ ပါလာတယ်လို့ပဲ သတ်မှတ်ပါတော့မည် ။

                                     //

ဂျောင်ကု ပုခုံးထိလာတဲ့ လက်တစ်စုံက လေးလံနေသည် ။

" မင်း သူ့ကိုမျှော်နေတုန်းလား "

ဂျောင်ကုက ယွန်းဂီ ရဲ့ စကားကြောင့် ဆွံ့အနေခဲ့သည် ။

" မသိဘူး အစ်ကို ! ကျွန်တော် တကယ်တမ်းကျ သူ့
ကို တစ်စက္ကန့်မှ မမေ့ဘူး ။ သူ့ကို မြင်ယောင်လာရင်
ခုရနေတဲ့ အောင်မြင်မှု ငွေကြေး ဘာမှ မလိုချင်တော့ဘူး "

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now