- 11 -

8.1K 1.1K 48
                                    

Dancing On Your Heartbeat ( 11 )

Unicode

ဂျီမင်း က တစ်ယောက်တည်း မအိပ်သေးဘဲ ငူငိုင်
ပြီး ထိုင်နေသည် ။

" အော် ! သူက ငါ့ထက်တော့ အများကြီးသာတာပဲ ! "

တစ်ယောက်တည်း ဖြစ်ပြီဆို မကောင်းတဲ့ အတွေး
တွေက စဝင်လာသည် ။

" မင်း ထပ်ပြီး မဟုတ်တာ တွေးနေပြန်ပြီလား ? "

ဟိုဆော့က ​ဂျီမင်း အနောက်က ရောက်လာကာ ပြော
လိုက်သည် ။

" အဲ့လိုမဟုတ်ပါဘူး ဒီတိုင်း သူ့ဘာသာ တွေးမိနေတာ "

" ဘာမှ ခေါင်းထဲ တွေးမနေပါနဲ့ကွာ မင်းကလည်း "

ဟိုဆော့က ဂျီမင်း ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည် ။

" အစ်ကို ! ဂျောင်ကု က သူ့ကောင်မလေးကို တွေ့
ချင်တိုင်း တွေ့မရတာတောင် နားလည်မှု ပေးထား
တာပေါ့ ။ အဲ့လိုလား ? "

" တကယ်က အဲ့လို ဆိုပါတော့ ။ ဒါပေမဲ့ ကောင်မ
လေး အေဂျင်စီဘက်က မသိပုံပဲ ။ သိရင် အထုတ်ခံ
ရမှာ ! "

" အာ ... ဟုတ်သားပဲ ။ ဂျောင်ကုက အဲ့ဒီ ကောင်မ
လေး ကို တုန်နေအောင် ချစ်မှာပဲ "

" ချစ်တာတော့ ချစ်ရှာတယ် ။ တွဲလာတာကြာတဲ့
အပြင် တွေ့ဖို့ခက်ခဲတာအောင် ရအောင် သွားတွေ့
တာပဲ ကြည့်လေ ။ ကောင်မလေးက ဆိုးတယ်ကွ ။
အဲ့တာလည်း ဒီကောင် သည်းခံတယ် ။ ငါ့ထက် နမ်
ဂျွန်က ပိုသိတယ် ။

ဂျီမင်းက နှုတ်ဆိတ်ကာ ငြိမ်သက်သွားသည် ။

" ဂျီမင်း ? "

ဟိုဆော့က ဂျီမင်းကို ခေါ်လိုက်တော့ ဂျီမင်းက အသိ
ပြန်ဝင်လာသည် ။

" အင်း ပြောလေ အစ်ကို ! "

" မင်း တကယ် လက်မလျှော့ဘူးပေါ့ ! "

" အစ်ကို ! အဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ ဘယ်သူ
ပိုချောလဲ ! "

ဟိုဆော့ မေးတာကို မဖြေဘဲ ဂျီမင်းက စကားလွှဲ
ပြောလိုက်သည် ။

" ဟမ် ? ဘာတွေမေးနေတာလဲ ဂျီမင်း ရယ် ! မင်းနဲ့
သူက တစ်ခြားစီကို ။ ငါက ဘယ်လို ခွဲပြရမှာတုန်း ! "

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now