- 29 -

7.9K 1K 24
                                    

Dancing On Your Heartbeat ( 29 )

Unicode

ဘာရယ်ဆိုတဲ့ အကြောင်း အရာ ခေါင်းစဥ်တပ်စရာ
မရှိဘဲ ညတိုင်းနီးပါး ဖုန်းပြောဖြစ်ခဲ့ကြသည် ။ ဒါက
ဘယ်လိုအခြေအနေလဲ မေးမည်ဆိုလျှင် ဂျီမင်း ကိုယ်
တိုင် တောင်ဖြေရခက်မည်  ။
တစ်ခုခုကို ကျိန်းသေပြောရမည် ဆိုရင်တော့ ဂျွန်
ဂျောင်ကုဆိုတဲ့ လူသားနဲ့ ပတ်သက်နေရသည်ကို
ဒီတိုင်း ပျော်မိသည် ။ အဖြေဟာ ရိုးရိုးရှင်းရှင်းလေး
ပဲ ဖြစ်မည် ။

အလွှာတွေဟာ ကွဲပြားသွားပေမယ့် ဆက်ဆံရေး
အခြေအနေတွေဟာ အကြောင်းအရင်း မဲ့စွာ ပို
ကောင်းလာနေခဲ့သည် ။

ဂျီမင်း ဖုန်း ရဲ့တုန်ခါမှုကြောင့် အတွေးတို့ ပျက်ပြယ်
သွားခဲ့သည် ။ ဖုန်း Contact ကို မြင်တာနဲ့ မျက်နှာ
မှာ အပြုံးတွေ တစ်ပြိုင်နက် နေရာယူသွားအောင်
လုပ်နိုင်သူလည်း ဖြစ်သည် ။

" အင်း ဂျောင်ကု ... "

" အစ်ကို ! ကျွန်တော် မနက်ဖြန် ခဏအားတယ် တွေ့
ချင်လား "

" တွေ့ချင် ... အယ် ... "

ဒီလိုလည်း ချက်ချင်း ပြောလို့ မကောင်းတာကြောင့်
ဂျီမင်းက မူလိုက်သည် ။

" အင်း အစ်ကိုလည်း အားတယ်ထင်တယ် ။ ကောင်း
တယ်လေ မင်းကတွေ့ချင်ရင် အဲ့လိုလုပ်ကြမလား ? "

​ဂျီမင်းရဲ့ ပြောနေပုံကြောင့် ဂျောင်ကု က တစ်ချက်
ရီလိုက်သည် ။

" ကောင်းပြီ ကျွန်တော်က တွေ့ချင်တာမို့ ဒါဆို
မနက်ဖြန် ကိုးနာရီ ... "

" မနက် ? "

" ဟင့်အင်း ... ည "

" ည ? ညကြီး ? "

" အင်း မနက်ဖြန် ညအားတာမို့ ဟန်မြစ်နားမှာ ဆိုဂျူ
တူတူ သောက်ကြမလား ? "

ဒီလိုမျိုး ချစ်ရတဲ့သူနဲ့တူတူသောက်ရမယ့် ခံစားချက်
ထက် ပိုကောင်းတာ မရှိတော့ဘူး ဖြစ်သည် ။

" ဟုတ် ... ပြီ ... ဗျာ .... "

" ရေးစ် !! "

" ယားစ် !!  "

နှစ်ဦးသား ရယ်သံများ တစ်ပြိုင်တည်း ထွက်ပေါ်လာ
တော့သည် ။

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now