- 21 -

8.3K 1K 41
                                    

Dancing On Your Heartbeat ( 21 )

Unicode

ဂျောင်ကုက ခေါင်းသုတ်ပေးတာကို ငြိမ်ခံနေရင်းက
အတန်အသင့်ကြာတော့ ဂျီမင်း နာမည်ကို ခပ်တိုး
တိုး ခေါ်လာသည် ။

" ဂျီမင်းရှိ ! "

" အင်း ပြောလေ ... "

" နောက်နေ့တွေရော ခဏခဏ လာလည်ပေးလို့ရမလား "

ဂျီမင်းက ခေါင်းကို သုတ်ပေးနေသော လက်တို့
တုံ့ခနဲ ရပ်သွားသည် ။

" ဘာလို့လဲ ဂျောင်ကု ! "

" ဂျီမင်း နဲ့နေရတာ ပျော်သလို ခံစားရလို့ပါ ။ တစ်
ယောက်တည်းရှိနေရင် သူ့အကြောင်းပဲတွေးမိနေမှာ
စိုး ... စိုး ... "

" လာမယ် လာမယ် နေ့တိုင်းလာမယ် ... "

မဆိုင်းမတွ ဖြေလိုက်တဲ့ ဂျီမင်း ရဲ့ အဖြေကို ဂျောင်
ကုက သဘောကျကာ ကြိတ်ရယ်လိုက်သည် ။

" ကဲကဲ ခေါင်းလဲ အတော် ခြောက်နေပြီ ... မြန်မြန်
မနက်စာစားဖို့လုပ်နော် ! သွားတော့မယ် ! "

" ဂျီမင်းက ဘယ်သွားမလို့လဲ ? "

" ဘယ်သွားရမှာလဲ ? အလုပ်ရှိသေးတယ်လေ "

" အော် "

ဂျောင်ကု လေသံမှာ တိုးညင်းနေပြီး မသွားစေချင်တဲ့
ပုံ သဘောမကျတဲ့ အသံပုံစံ ဖြစ်နေသည် ။

" ဘာလို့လဲ မသွားရဘူးလား ? "

" မဟုတ်ပါဘူး သွားပါ ရပါတယ် "

" အင်း ဒါဆိုလည်း သွားပြီနော် "

မသွားစေချင်ပေမယ့်လည်း မသွားပါနဲ့လို့ တားခွင့်
မရှိတော့ တကယ်မသွားစေချင်သူနဲ့ ထွက်မသွားချင်
သူ နှစ်ဦးနှစ်ဖက် ဖြစ်နေတော့သည် ။

ဂျီမင်းက အရင်ကထက် သွေးအေးသွားသလိုမျိုး
ငြိမ်သက်သွားသည်က ဂျောင်ကုက အနီးကပ်နေမှ
သတိထားမိသည် ။ အရင်ကလို ဂျောင်ကုကို ရွှန်း
ရွှန်းစစကြည့်နေမယ့် အကြည့်တွေမျိုး ပြန်လိုချင်
မိနေတဲ့ လောဘဟာ ရီစရာကောင်းနေပြန်သည် ။

တကယ်တမ်း ဘာပေးဆပ်မှုမှ မရှိခဲ့ဘဲ အခုလိုချင်
သည်ဆိုတော့ သိပ်လောဘကြီးမနေမိဘူးလား ။
ဘယ်အချိန်ကတည်းက ဂျီမင်းက ရင်ထဲ မြန်မြန်
ရောက်နေခဲ့လို့ ဆဲအင်းကို မြန်မြန် မေ့ပစ်နိုင်ရတာ
လဲဆိုတာ ဂျောင်ကု ကိုယ်တိုင် မသိတော့ပြီ ။

Dancing On Your Heartbeat • Kookmin  || Completed ||Where stories live. Discover now