ခင်ဗျားသိလား...
မာယာများတဲ့ပင်လယ်ကြီးရယ်
ရက်စက်တတ်တဲ့လှိုင်းလုံးတွေရယ်ကြားက
ခင်ဗျားရဲ့လောကဓံသဘောင်္လေးကို
ကျွန်တော့်အလွမ်းထုထည်နဲ့ကာကွယ်ပေးထားတယ်ဆိုတာ...
ခင်ဗျားသိလား...
တခါတခါ ကမ်းနဲ့ဝေးတဲ့ဖုန်းလေးက
စိမ်းလာမယ့် chat head လေးကို
ရူးမတတ်မျှော်နေခဲ့ရတာ ကျွန်တော်ဆိုတာ....
ခင်ဗျားသိလား...
ဘုရားရှိခိုးတိုင်း
အန္တရာယ်ကင်းကင်းနဲ့ပြန်လာနိုင်အောင်
ဘုရားကိုနားပူနားဆာလုပ်တွတ်တွတ်ထိုးဆုတောင်းနေရတာ
ကျွန်တော်ပါ...
ခင်ဗျားသိလား...
ခံစားချက်တွေမျက်ကွက်ပြုပြီး
မမြင်ကွယ်ရာမှာပင်ပန်းဆင်းရဲခံနေရတဲ့ခင်ဗျားအတွက်
ခင်ဗျားချစ်တဲ့ပင်လယ်ကြီးက
ကျွန်တော့်အလွမ်းထုထည်နဲ့ယှဉ်ရင်
ရေအိုင်ငယ်လေးသာသာဆိုတာကို...
