အမြဲလိုလို msg စစပို့ တတ်တဲ့ဂျစ်ကန်ကန်ကောင်မလေးကို
မေ့နိုင်ပြီဆိုရင်....
ဖုန်းမကိုင်ရင် စိတ်ကောက်တတ်တဲ့ကလေးဆန်ဆန်ကောင်မလေးကို
မေ့နိုင်ပြီဆိုရင်....
နေမကောင်းဖြစ်တိုင်းဆေးထိုးရမှာ ကြောက်လို့ ဖုန်းဆက်ငိုပြတတ်တဲ့ချာတိတ်မလေးကို မေ့နိုင်ပြီဆိုရင်....
အမြဲလိုလိုသဝန်တိုတတ်တဲ့ အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ကိုမေ့နိုင်ပြီဆိုရင်....
စားချင်တာတွေဝယ်မကျွေးတိုင်းအော်ငိုတတ်တဲ့ဂျစ်တစ်တစ်ကောင်မလေးကိုမေ့နိုင်ပြီဆိုရင်....
ထီးခေါက်ရမှာပျင်းတဲ့ အရှုပ်ထုပ်မလေးကိုမေ့နိုင်ပြီဆိုရင်....
ဂျီကျအရစ်သန်တဲ့ကောက်တေးမလေးကိုမေ့နိုင်ပြီဆိုရင်....
ပေါက်ကရပြောတတ်တဲ့အရူးမလေးဆိုပြီး မခေါ်တော့ဘဲနေနိုင်ပြီဆိုရင်...
ပြန်ခါနီးတိုင်း ခေါင်းလေးမပုတ်ဘဲနေနိုင်ပြီဆိုရင်...
ကျောင်းသွားကျောင်းပြန်လိုက်မပို့ ဘဲနေနိုင်ပြီဆိုရင်...
ဘုရားကိုတစ်ယောက်တည်းသွားနိုင်ပြီဆိုရင်....
ခင်ဗျား.......
ကျွန်တော့်ကို......
ထားခဲ့လို့ ရပါပြီ....❤
