ဒီလောကကြီးတစ်ခုလုံးမှာ
ခင်ဗျားတစ်ယောက်ကိုတော့
ကျွန်တော်ပိုင်ချင်ပါတယ်...
Diary တွေထဲကစာထက်
လက်တွေ့ မှာရှိတဲ့ခင်ဗျားရဲ့ချစ်ခြင်းတွေ
ကျွန်တော်လိုချင်ပါတယ်...
ဒဿဂီရိလိုအချစ်ထက်
မင်းနန္ဒာလို နှလုံးသားထက်
ခင်ဗျားရဲ့မေတ္တာကိုတော့ ကျွန်တော်လိုချင်ပါတယ်...
အသက်ရှင်သန်ခြင်းရဲ့ရည်ရွယ်ချက်
ခင်ဗျားဆိုရင် သေဆုံးရမယ့်နေ့ ကို
လက်ချိုးထိုင်စောင့်ရတဲ့ရည်ရွည်ချက်ကလည်း
ခင်ဗျားကျွန်တော့်ဘေးမှာရှိနေရုံလေးပါ.....💙
