Coffee ခါးခါးသောက်တတ်တဲ့
ကောင်လေးတစ်ယောက်ဆီက
အချစ်ချိုချိုကိုမျှော်လင့်မိဆဲပါပဲ....
ရူးမိုက်လိုက်တာတဲ့
ခင်ဗျားနှုတ်ဖျားကထွက်လာတဲ့
ပြတ်ပြတ်သားသားစကားတွေကိုမှ
ကျွန်တော်ကသကြားထင်နေတာလေ...
မိုက်ရူးရဲဆန်စွာပါပဲ
ခင်ဗျားကြိုက်နှစ်သက်တဲ့အရာတိုင်းကို
လိုက်ချစ်နိင်အောင်ကြိုးစားရင်း
ခင်ဗျားကိုကျ အစားထိုးဖို့ မတွေးမိခဲ့ဘူး....
ကော်ဖီဆိုင်ထိုင်တယ်..
Expresso တစ်ခွက်မှာတယ်
Black Coffee တစ်ခွက်မှာတယ်
မျက်နှာချင်းဆိုင်ကခုံမှာခင်ဗျားအငွေ့ အသက်တွေအပြည့်...
လွှမ်းမိုးသီချင်းတွေနားထောင်တယ်
ခင်ဗျားကြိုက်တဲ့ metal တွေနားထောင်တယ်
နောက်ဆုံးကျွန်တော့်မှာခင်ဗျားစိတ်နဲ့ကျွန်တော့်ခန္ဓာဖြစ်တဲ့အထိပါပဲ...
Lwan..yate
