နာနာကျင်ကျင်ပါပဲ...
ခင်ဗျားထွက်သွားတဲ့နေ့ က
ရင်ထဲကနှလုံးသားကို
အရှင်လတ်လတ်အထုတ်ခံရသလိုပါပဲ...
                              ခင်ဗျားမရှိတော့
ပတ်ဝန်းကျင်ကလေတွေက
မလတ်ဆတ်တော့ဘူးဗျာ...
ကျွန်တော့်မှာအသက်ရှုလို့ လည်းမဝဘူး...
မျက်လုံးထဲမှာလည်းမျက်ရည်အပြည့်...
                              ခင်ဗျားကျွန်တော့်အနားရောက်လာတော့
အဆူဆူသောဘုရားတွေကို ကျေးဇူးတင်ရပါတယ်...
အချစ်တတ်ဆုံးလူအတွက်အချစ်ရဆုံးသူကို
လက်ဆောင်ရလိုက်သလိုမျိုးပေါ့..
                                      
                                          
                                  
                                              
                                          