ချစ်ရပါသော ပင်လယ်ပြာလေးရေ...
ရွက်လွှင့်ကူးခတ်နေရတဲ့
လှိုင်းလုံးကလေးတိုင်းကို
စာနာပါ...
ရေပေါ်လမ်းလျှောက်နေရတဲ့
သဘောင်္တိုင်းကို
သနားပါ...
ချစ်ရပါသော ပင်လယ်ပြာလေးရေ...
ကိုယ်လွှတ်လိုက်တဲ့အရာ
မင်းဆီမှာ ပြေးလွှားနေတဲ့
နှလုံးသားပါ...
ကိုယ်စိတ်မချတဲ့အရာ
မင်းနှလုံးသားမှာ နားခိုနေတဲ့
တံငါလှေလေးပါ...
ကိုယ်သတိရတဲ့အရာ
မင်းထံပါးမှာ ခစားနေတဲ့
ပင်လယ်ပျော်လေးပါ...
ဂရုစိုက်ပါ...စောင့်ရှောက်ပါ...
ကိုယ့်နှလုံးသားလေးအဖျားမတက်အောင်
ပင်လယ်ရေနဲ့ငြှိမ်းသတ်ပါ....
ကိုယ့်ရင်ခုန်သံလေး
မဆိတ်သုဉ်းအောင်
လင်းပိုင်လေးတွေနဲ့ ဆော့ကစားပါ....
ကိုယ့်ငိုကြွေးသံ
သူမကြားအောင်
လှိုင်းလုံးလေးတွေပုတ်ခတ်ပါ....
