အဝေးတစ်နေရာမှာ
ခင်ဗျားအဆင်ပြေရဲ့လားတွေးပြီး
အိပ်စက်ရတဲ့ညတွေဆို...
ကျွန်တော်ဟာ ဂယောင်ခြောက်ခြားဖြစ်ခဲ့တယ်....
အိပ်တစ်ဝက် နိုးတစ်ဝက်
အိပ်မက်ဆိုးတွေကြားမှာ
မျက်ရည်ကိုအဖော်ပြုပြီး...
တစ်နေ့ ..နီးမှာပါ ဆိုပြီးအားတင်းခဲ့ရတယ်....
ခင်ဗျား..သိကောင်းသိလိမ့်မယ်...
မသိချင်ယောင်ဆောင်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်...
ကျွန်တော်ဟာ..ခင်ဗျားဆိုတဲ့ကမ္ဘာကြီးထဲက
အသက်ရှင်သန်နေတဲ့လူသားတစ်ယောက်ဆိုတာကို...
ခင်ဗျားအတွက်...
ချစ်ဖို့ ခက်ခဲနေတာဖြစ်နိုင်သလို
မချစ်ရဲတာလည်းဖြစ်နိုင်တယ်...
မချစ်တတ်တာလည်းဖြစ်နိုင်သလို...
မချစ်ချင်တာလည်းဖြစ်နိုင်တယ်....
ကျွန်တော့်အတွက်ကတော့...
ခင်ဗျားကိုပဲချစ်ချင်တယ်...
ခင်ဗျားကိုပဲချစ်တတ်တယ်...
