တိတ်ဆိတ်သောလွမ်းချင်း
မလွမ်းပါဘူး...
လွမ်းရခြင်းအနုပညာကငါ့အတွက်ခက်ခဲလွန်းပါတယ်...
လွမ်းတယ်...သတိရတယ်ဆိုတာမျိုး
စစချင်းကသွေးထွက်လွန်နေတဲ့အနာမျိုး
တစိမ့်စိမ့်နဲ့တငြိမ့်ငြိမ့်ကိုသေတာ...
ရင်ထဲကအပူမီးက
မိုးရေနဲ့လည်းမအေးဘူး...
ရာသီဥတုကြောင့်လည်းမပြောင်းဘူး...
နင့်အသံလေးနဲ့ပဲငြိမ်းသတ်လို့ ရတာ....
ပူပင်သောကဆိုတာ...
မိုးပြိုမှာကြောက်တဲ့မိုးမျှော်ငှက်လေးတစ်ကောင်လိုပဲ..
ငါ့မှာလည်း နင်ရှိရာအရပ်က...
နင်အဆင်ပြေပါတယ်ဆိုတဲ့သတင်းကို
ဘုရားစာရွတ်နားစွင့်နေရတဲ့အဖြစ်မျိုး....
ချစ်ခြင်းမေတ္တာဆိုတာ..
ဟန်ဆောင်လုပ်ယူလို့ ရတဲ့အနုပညာမဟုတ်ဘူး...
တားဆီးလို့ လည်းမရဘူး...
ချစ်နေရရင်ကိုကျေနပ်နေတာမို့ 
အရာရာကနင်ဖြစ်နေတာမို့ 
အခက်မသင့်လို့ စိုးရိမ်စိတ်ပူတာတွေလွန်ကဲသွားရင်
တောင်းပန်ပါတယ်...
#Azura
#lwanyate
