[1]

15.3K 1K 35
                                    

( Unicode )

မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင်ဖြစ်သည်။ကောင်းကင်တစ်ခုလုံးကလည်း တိမ်ကင်းစင်ကာပြာလဲ့သောအသွင်ကိုဆောင်နေပါ၏။ဖိတ်ကြားထားသောဧည့်သည်တော်များကလည်းသတ်မှတ်ထားတဲ့နေရာအသီးသီးမှာထိုင်နေကြရင်း မင်္ဂလာမောင်နှံအားတမျှော်တခေါ်ဖြစ်နေကြပါ၏။

တယောသံတညမ်ညမ်ဖြင့်မင်္ဂလာတေးသွားအစချီပြီတဲ့နောက်မှာသတို့သားရှိရာသို့တလှမ်းချင်းလျှောက်ကာလှမ်းရင်း လာနေတဲ့အဖြူရောင်ဂါဝန်ဖါးဖါးလတ်လတ်နှင့်သတို့ သမီးလေး၏လှပချက်ကတော့ ကောင်းကင် ဘုံပေါ်ကနတ်သမီးလေးမြေပြင်ပေါ်သို့ဆင်း သက်လာသည့်အလား။

ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေး သူမကိုစောင့်ကြိုနေတဲ့သတို့သားဆီရောက်သွားတဲ့အခါမှာတော့ ဝိုင်းအသီးသီးမှာထိုင်နေကြတဲ့လူနည်းစုထံကနေလက်ခုပ်သြဝါဒပေးအပ်ချီးမြှင့်သံတွေထွက်ပေါ်လာပါတော့သည်။

" မင်္ဂလာမောင်နှံမှ အပြန်အလှန်ကတိကဝတ်ပြုကြမှာပဲဖြစ်ပါတယ် "

အခါတော်ပေးမည့်ဘိသိက်ဆရာ၏စကားအ ဆုံးမှာတော့မင်္ဂလာတေးသွားအဖြစ်တယောသံငြိမ့်ငြိမ့်ညောင်းညောင်းလေးစတင်ထွက်ပေါ်လာခဲ့သည်။

" ဟေ့ကောင် ချန်းယောလ်၊ လက်ခုပ်ပဲဇွတ်တီးမနေနဲ့ကွ၊ မင်းအလှည့်ကျရင် ဘယ်မှာလုပ်မလဲစဥ်းစားထားဦး "

သတို့သားဖြစ်သူ၏ကတိသစ္စာဆိုနေဟန်ကိုလက်ခုပ်တီးကာကြည့်နေတုန်းမှာပဲဘေးနားကနေတံတောင်နဲ့တွတ်ထိုးပြီးစကားလာများနေတဲ့သူငယ်ချင်းဖြစ်သူဂျောင်ဟွန်း​ကိုသွားစိကာပြုံးပြလိုက်သည်။

" အေးဆေးပေါ့ ဂျောင်ဟွန်းရာ၊ မင်းဘာတွေလောနေတာလဲ၊ လက်ထပ်တာကိုကလေးက စားသလိုလွယ်မယ်များထင်နေလား "

" ကျွန်တော်တို့ရဲ့မင်္ဂလာဧည့်ခံပွဲကိုတက်ရောက်ချီးမြှင့်ပေးတဲ့ဧည့်သည်တော်တွေအားလုံးကိုကျေးဇူးတင်ပါတယ် "

အရှေ့မှာလည်းသတို့သားဖြစ်သူကကျေးဇူး တင်စကားတွေတသီတသန်းကြီးရွတ်ဆိုနေသလိုမလှမ်းမကမ်းမှာလည်းချန်းယောလ်နှင့်ဂျောင်ဟွန်းတို့၏တွတ်ထိုးသံများဆူညံနေ ၏။

The Flowers You Give Me [ COMPLEDED ]Where stories live. Discover now