part-9

10.1K 676 26
                                    

"သားဟွန်း​လေး~"

အန်​တီအခန်းထဲဝင်​လာတာမို့ ဆယ်​ဟွန်း
လှဲ​နေရာမှထထိုင်​လိုက်​သည်​..

"​လှဲ​နေပါသားရဲ့"

"ရပါတယ်​ အန်​တီ"

"ဆန်​ပြုတ်​ ပြုတ်​ထားတယ်​ သား​အောက်​ထပ်​ဆင်းမစားချင်​​သေးရင်​ ခဏ​နေအ​ဒေါ်ကြီး
ပို့ခိုင်းလိုက်​မယ်​​နော်​"

"ဟုတ်​ကဲ့"

ဆေးရုံကဆင်းလာပြီး တပတ်​ပြည့်​တဲ့
ဒီ​နေ့ထိ​ဆယ်​ဟွန်းအခန်းထဲကပင်​မထွက်​ပါ..

ဟိုအရိုင်းစိုင်း​ကောင်​နဲ့မျက်​နှာချင်းမဆိုင်​ချင်​လို့

အန်​တီကဆယ်​ဟွန်းလက်​ကိုဆုပ်​ကိုင်​လာရင်း

"သားချန်း​လေးကိုမမုန်းပါနဲ့​နော်
အန်​တီ​တောင်းဆိုပါရ​စေ"

ဆယ်​ဟွန်းမျက်​ရည်​အဝဲသားနဲ့အန်​တီကို
မော့ကြည့်​လိုက်​မိသည်​..

အန်​တီ​တောင်းဆိုမူက တရားလိုက်​တာ

"အားလုံးသားချန်းဘက်​လွန်​တယ်​ဆိုတာ
သိပါတယ်​ ဒါမဲ့ ~"

"​တော်​ပါ​တော့အန်​တီ ကျ​တော်​​ရှေ့
သူ့အ​ကြောင်း​တွေလာမ​ပြောပါနဲ့​တော့"

မုန်းလွန်းလို့ လုံးဝပင်​မကြားချင်​ပါ

"အန်​တီက​လေ သားနဲ့သားချန်းကို​ပြေ​ပြေ
လည်​လည်​မြင်​ချင်​လို့ပါ"

ဘယ်​​တော့မှဖြစ်​နိုင်​မည်​မဟုတ်

"အန်​တီဒါပဲ​ပြောမလို့မလား ကျ​တော်
နားချင်​ပြီမလို့"

"​အေးပါသားရယ်​ အန်​တီ​တောင်းဆိုတာ
လေးမ​မေ့ပါနဲ့​နော်​"

"..........."

ဆယ်​ဟွန်းဘာမှပြန်​မ​ပြောမိ

ပြောစရာလည်းမလိုဘူးထင်​လို့ပါ
ဘာလို့ဆို​တော့ ဆယ်​ဟွန်းဒီမှာ​နေစရာ
မလို​တော့လို့ပဲ....

ဟုတ်​တယ်​ အရင်​ကဆယ်​ဟွန်းမှာ
ကိုယ်​ဝန်​ရှိလို့ က​လေးတွက်​​ဒီမှာနေတာ

အခုမလို​တော့ဘူး..အဲ့​ကြောင့်​ တရုတ်​ပြန်​​တော့မည်​..

ဒီအသိုင်းဝိုင်းနဲ့လုံးဝထပ်​မပတ်​သတ်​ဖို့
ဆယ်​ဟွန်းဆုံးဖြတ်​ထားတယ်

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now