part-27

10.1K 728 38
                                    

မသိစိတ်​ကပတ်​ချန်း​ယောလ်​စကား​တွေကို
နား​ထောင်​​နေမိတဲ့အတွက်

ဆယ်​ဟွန်း ကုမ္ပဏီမှာအလုပ်​ဆက်​မလုပ်​ဖြစ်
တော့ပါ အိမ်​မှာပဲ တစ်​​နေ့ကုန်​ စာအုပ်​ဖတ်​လိုက်​ ဖုန်းကြည့်​လိုက်​နဲ့သာ....

ပတ်​ချန်း​ယောလ်​ကို​တော့ ဆယ်​ဟွန်း
ကုမ္ပဏီမှာဆက်​လုပ်​ဖို့တိုက်​တွန်းခဲ့သည်​...

"သား အားလုံးကျက်​ပြီ အ​ဒေါ်ကြီးပြန်​​တော့
မယ်​ ​အောက်​မှာကား​ရောက်​​နေပြီတဲ့"

အ​ဒေါ်ကြီးအသံကြားမှ စာအုပ်​ဖတ်​တာ
ရပ်​ပြီး....

"ဟုတ်​ကဲ့ အ​ဒေါ်ကြီး.ဂရုစိုက်​ပြန်​ပါ​နော်​"

"​အေး ​အေး သားချန်းအကြိုက်​​လေး​တွေ​ရော
သားအကြိုက်​​လေး​တွေပဲ​ရွေးချက်​ထားတယ်​"

"​ကျေးဇူးတင်​ပါတယ်​"

ဦး​လေးက ကျ​တော်​အစား​သောက်​တွက်
မနက်​တိုင်းအ​ဒေါ်ကြီးကို ကားအပို့အကြိုနဲ့
ချက်​ပြုတ်​ခိုင်းသည်​​လေ......

အ​ဒေါ်ကြီးပြန်​သွားပြီမို့ ဆယ်​ဟွန်း
အခန်းထဲဝင်​လာကာ ​ရေချူ.ိး​တော့သည်​..

ရေချိုးရင်း ဒီမနက်​မျက်​နှာမ​ကောင်းတဲ့
ချန်း​ယောလ်​ကို သတိရမိတယ်​..

"ကုမ္ပဏီမှာ ဘာကိစ္စများဖြစ်​လို့လဲ??"

"မဟုတ်​မှ ​နေများမ​ကောင်းလို့လား??"

တော်​ပါပြီ သူ့အ​ကြောင်း​တွေးမ​နေ​တော့
အိုဆယ်​ဟွန်း!!
.
.
.
ချန်း​ယောလ်​ ည​နေရုံးဆင်းပြန်​လာ​တော့
ဆယ်​ဟွန်းက ဆိုဖာ​ပေါ်စာအုပ်​ကိုင်​လျက်
အိပ်​​ပျော်​​နေသည်​......

ချန်း​ယောလ်​ သူ့​ဘေးနားဝင်​ထိုင်​ကာ
လက်​ထဲကစာအုပ်​ကိုအသာယူပြီး ဆံပင်
လေး​တွေကိုပွတ်​သပ်​​ပေးမိတယ်​......

"ချစ်​တယ်​ ဆယ်​ဟွန်းရယ်​~ "

သူ့မျက်​နှာ​လေးကို ​သေချာစိုက်​ကြည့်​​နေတုန်း
အ​တော်​ကြာမှဆယ်​ဟွန်းကနိုးလာတယ်​..

"မင်း ပြန်​​ရောက်​​နေပြီ"

"အင်း~"

"ည​နေစာစား​တော့မလား? အ​ဒေါ်ကြီးက
မင်းအကြိုက်​​တွေချက်​သွားတယ်​"

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now