part-20

11.1K 795 66
                                    

ကား​မောင်းရင်း ​ဘေးကဆယ်​ဟွန်းကို
ခဏ ခဏကြည့်​ရတာချန်း​ယောလ်​မှာအ​မော

သူ​နေ​ကောင်း​ပျောက်​ပြီမို့ အိမ်​ပြန်​လာကြသည်​​လေ ချန်း​ယောလ်​ကသာကြည့်​​နေတာပါ
သူက​တော့ မျက်​လုံးမှိတ်​လိုက်​လာတယ်​...

အိပ်​မ​ပျော်​ဘူးဆိုတာသိပါတယ်

"ဆယ်​ဟွန်း "

ချန်း​ယောလ်​​ခေါ်သံကြား​တော့ မျက်​လုံး
ဖွင့်​ကြည့်​လာတယ်

"ဗိုက်​ဆာရင်​ ​​ပြော​နော်​ အဆာ​ပြေစားဖို့
မုန့်​​တွေဝယ်​လာတယ်​ရယ်​"

"..................."

မျက်​​စောင်းလှလှထိုးကာ ကားအပြင်
သာ​ငေးကြည့်​​နေသည်​..

ချန်း​ယောလ်​လည်းဆက်​​ပြောမ​နေ​တော့ပဲ
ကားကိုသာအိမ်​ထိဂရုစိုက်​​မောင်းခဲ့​တော့သည်

အိမ်​​ရှေ့​ရောက်​​တော့ ဆယ်​ဟွန်းက
အိပ်​​ပျော်​​နေတယ်​...

ချန်း​ယောလ်​မနိုး​သေးပဲ သူ့မျက်​နှာ​ရှေ့
ကျ​နေတဲ့ဆံပင်​​လေး​တွေကိုဖယ်​​ပေးပြီး
ငေးကြည့်​​နေမိသည်​....

ဒီလိုလုပ်​လိုက်​တာ ချန်း​ယောလ်​မှား
သွားလာမ​ပြောတက်​ဘူး...

ကင်​ဂျူံအင်​လက်​ထဲ ဆယ်​ဟွန်းပါမသွား
ဖို့သာအဓိကမို့ အရင်​စီစဉ်​ထားတာကို
အမြန်​လုပ်​လိုက်​ခြင်းပင်​ ....

"ငါမင်းကိုသိပ်​ချစ်​မိသွားလို့ပါ ဆယ်​ဟွန်းရယ်​"

ခပ်​တိုးတိုးဆိုတာ နဖူး​လေးထက်
အနမ်း​ချွေလိုက်​သည်​.....

မင်းအမုန်း​တွေကိုလည်း ငါလက်​ခံနိုင်​တယ်
မင်းသာငါ့အ​ဝေးကိုထွက်​မသွားဘူးဆိုရင်​​လေ...

"ဆယ်​ဟွန်း~ ဆယ်​ဟွန်း~"

လှုပ်​နိုးလိုက်​​တော့မှ နိုးလာပြီး ကား​ပေါ်က
နေအရင်​ဆင်းသွား​လေတယ်​....

"သား ဟွန်း​လေး!"

"အန်​ အန်​တီ ဟင့်​"

အိမ်​ထဲဝင်​ဝင်​ခြင်း ဆယ်​ဟွန်းအန်​တီရင်​ခွင်​ထဲ
တိုးဝင်​ကာငိုမိ​တော့သည်​...

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now