part-40

9.7K 659 19
                                    

ကူလုပ်​မယ်​လို့​ပြောတဲ့ ချန်းလျဲ့က
အမှန်​ဘာမှမလုပ်​တက်​...

ဆယ်​ဟွန်းနဲ့ဂျူံအင်​ချက်​တာကိုသာ
ထိုင်​ကြည့်​​နေ​လေသည်​...

ချန်းလျဲ့ ဟင်းချက်​​နေတဲ့ဆယ်​ဟွန်းပုံစံကိုအ​နောက်​က​နေတချက်​မလွတ်​​ငေးကြည့်​မိ​နေသည်​.....

ရီ​မောရင်း လုပ်​ကိုင်​​နေတဲ့သူ့ပုံ​လေးက
ချန်းလျဲ့ ရဲ့ တစ်​​ထောင့်​တစ်​​နေရာကိုလှုပ်​ခတ်
စေသည်​...

တစ်​​နေ့က ​ဖေ​ဖေကိုယ်​တိုင်​ဖွင့်​​ပြောလာတဲ့
ဆယ်​ဟွန်းနဲ့သူ့ရဲ့ပတ်​သတ်​မူအလုံးစုံ...
(ဂျူံအင်​နဲ့ပတ်​သတ်​တာမပါ)

အဲ့ဒါ​တွေကြား​တော့ ဆယ်​ဟွန်း​ပေါ်အပြစ်​ရှိသလိုခံစား​နေရတယ်​..

ဘာမှမမှတ်​မိ​ပေမဲ့လည်း​လေ...

ပြီး​တော့ ဆယ်​ဟွန်းကို ကင်​ဂျူံအင်​နဲ့
ပတ်​သတ်​​နေတာကိုအလိုမကျဘူး..

အဲ့ဒါ​ကြောင့်​ဂျူံအင်​  ဆယ်​ဟွန်းနားကပ်​လာရင်​ကိုသူကထိုင်​ရာကထလာကာ ကပ်​ခွင့်​မ​ပေး..

ဂျူံအင်​ကိုအားကိုး​နေတာကိုလည်း
မကြိုက်​ဘူး...

"ဟွန်း~ ဟင်းရည်​က​တော့ကျက်​ပြီ​နော်​"

"ဟုတ်​ အဲ့ဒါဆို ကြက်​သွန်​နည်းနည်းလှီး
ပေးပါ့လား ဂျူံအင်​"

"အို​ကေ ​ပေး"

ကမ်း​ပေးတဲ့ကြက်​သွန်​ခြင်းကိုအလယ်​က
နေဖြတ်​ယူလိုက်​တဲ့ချန်းလျဲ့..

"ကိုယ်​လုပ်​​ပေးမယ်​"

"အမ်​! လုပ်​တက်​လို့လား ချန်းလျဲ့ရဲ့"

"အင်း ​ပေးကိုယ့်​ကို"

ဂျူံအင်​က​တော့ ပခုံးတွန့်​ပြကာ
ပန်းကန်​​တွေ​ဆေး​နေလိုက်​သည်​..

ချန်းလျဲ့က​တော့ ကြက်​သွန်​ဥကြီးကိုင်​ကာ
ဘာလုပ်​ရမယ်​မှန်းမသိဘူး..

ဒါမဲ့ဆယ်​ဟွန်းကကြည့်​​နေတာမို့
အခွံ​တွေ​လျှောက်​ခွာကာ အတုံး တုံး​တွေလှီး
နေ၏.....

"ချန်းလျဲ့ အဲ့လိုမဟုတ်​ဘူး ပါးပါး​လေး​တွေ
လှီးခိုင်းတာ"

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now