part-37

8.6K 638 42
                                    

အကိုရှင်းနဲ့အလုပ်​အ​ကြောင်း​ပြော​နေကြတဲ့
ဖျောန်းချန်းလျဲ့လို့​ခေါ်တဲ့ သူ့ကို မျက်​ရည်
တွေကြားမှ ခပ်​လှမ်းလှမ်းက​နေ ဆယ်​ဟွန်း စိုက်​ကြည့်​​နေမိတယ်

ဘယ်​လိုဖြစ်​ကုန်​ရတာလဲ??

သူ​ပြောသလို တကယ်​ပဲ သူကချန်း​ယောလ်
မဟုတ်​ဘူးတဲ့လား??

ဒါမဲ့ ရီလိုက်​တဲ့အချိန်​ ပါး​ပေါ်က ပါးချိုင့်
လေးကအစ​တော့ တူမ​နေသင့်​ပါဘူး....

"အဲ့ဒါဆို ကျ​တော့်​ကိုခွင့်​ပြုပါအုံး
ကျန်းရီရှင်း"

"ဟုတ်​ကဲ့ ​ကောင်းပါပြီ
တက်​နိုင်​သမျှအမြန်​ဆုံး​ဆောင်​ရွက်​​ပေးပါမယ်​"

"အားကိုးပါတယ်​"

"ကျ​တော်​ကလည်း ​ကျေးဇူးတင်​ပါတယ်
ချန်းလျဲ့ကို"

ချန်းလျဲ့ ရီရှင်းကိုနှုတ်​ဆက်​ကာ ပြန်​မယ်
လုပ်​မှ ခုန​ကောင်​​လေးဘက်​ဖျတ်​ခနဲ ကြည့်
လိုက်​မိ၏.......

မျက်​ရည်​​တွေ~

ထို​ကောင်​​လေးက သူ့ကိုမျက်​ရည်​​တွေနဲ့
ပြန်​စိုက်​ကြည့်​လာ​တော့ ရင်​ထဲ​နေလို့မ​ကောင်း.

အမြန်​ပဲလျစ်​လျူ ရှုကာ ထွက်​လာခဲ့လိုက်​တယ်​..

ချန်းလျဲ့ထွက်​သွားမှ ရီရှင်းအမြန်​ပဲ
ဆယ်​ဟွန်းနားအ​ပြေးသွားကာ

"ဘယ်လို​တွေဖြစ်​ကုန်​တာလဲ ဟွန်းနီး"

"ဟင့်​အင်း ကျ​တော်​လည်းမသိဘူးအကို"

"မင်း​သေချာရဲ့လား သူကချန်း​ယောလ်​ဆိုတာ"

"​သေချာတာ​ပေါ့ ခဏ​လေး ဦး​လေး
ကိုဖုန်းဆက်​​မေးရမယ်​"

ဆယ်​ဟွန်းအမြန်​ပဲ ဖုန်းထုတ်​ကာ
ဦး​လေးဆီဆက်​လိုက်​သည်​...

📱"ဟဲလို ဆယ်​ဟွန်း ​ပြော"

"ဦး​လေး ချန်း​ယောလ်​ရှိလား?
သူ​နေ​ကောင်းရဲ့လား?"

"​အော်​ အင်း ရှိ ရှိတယ်​ ​နေလည်း​ကောင်း
ပါတယ်​ ဘာလို့လဲ?"

"ကျ​တော်​ စကား​ပြောလို့​ရမလား?"

"ဟင်​! အ အခုအိပ်​​နေတယ်​"

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now