part-33

9.1K 680 40
                                    

"ဟွန်း​လေး!"

"အန်​တီ အဟင့်​~"

အခုမှသိပြီး အ​လောတကြီး​ပြေးလာပုံ
ရတဲ့အန်​တီနဲ့ဦး​လေး...

ဆယ်​ဟွန်း အန်​တီရင်​ခွင်​ထဲတိုးဝင်​ကာ
မေ့မတက်​ငို​ကျွေးမိ​တော့သည်​...

"သား ဘယ်​လိုဖြစ်​တာလဲ အန်​တီကို
ရှင်းပြစမ်း "

"ကျ​တော်​​ကြောင့်​ပါ~ ကျ​တော်​သာ
အိမ်​ကထွက်​မသွားရင်​ အခုလို​တွေဖြစ်​မှာမဟုတ်​ဘူး...."

"အန်​တီကိုရှင်းရှင်းလင်းလင်း​ပြောပြပါ"

ဆယ်​ဟွန်းမျက်​ရည်​​တွေကိုလက်​နဲ့
ဖိသုတ်ကာ တချက်​ရှိုက်​ပြီး အ​ကြောင်းစုံ
ရှင်းပြ​တော့တယ်​....

အဲ့ကျမှ အန်​တီလည်းကြမ်းပြင်​​ပေါ်
ပြိုလဲကျသွားပြီး ငို​တော့သည်​...

"ကို ကျမတို့ဘယ်​လိုလုပ်​ကြမလဲ?
သားချန်းတစ်​ခုခုဖြစ်​ရင်​ ကျမ​သေလိမ့်​မယ်​​နော်​"

"ချန်း​ယောလ်​ဘာမှမဖြစ်​​လောက်​ပါဘူးကွာ"

ဦး​လေးက​တော့ ​ယောက်ျားသားပီပီ
စိတ်​ကိုထိန်းကာအန်​တီကိုနှစ်​သိမ့်​​ပေး​နေ​တော့သည်​.....

ငါအရမ်းမှားသွားပါတယ်​ ချန်း​ယောလ်​ရယ်​~

ကျေးဇူးပြု ပြီး ကျန်းကျန်းမာမာနဲ့ပြန်​နိုး
ထလာ​ပေးပါ​နော်​~

မဟုတ်​ရင်​ ငါရူးသွားရပါလိမ့်​မယ်​~

ငါမင်းကိုချစ်​တယ်​ ချန်း​ယောလ်​~

မင်းအသက်​ကို​တောင်​မမူပဲ ငါ့​ပေါ်ကိုချစ်​တဲ့ မင်းကိုငါလည်းအရမ်းချစ်​မိ​နေပါတယ်​...

ဒါ​ကြောင့်​မို့ ​ကျေးဇူးပြု ပြီး.......




ခွဲစိတ်​ခန်း​ရှေ့​ကျ​တော်​တို့သုံး​ယောက်
စောင့်​​နေကြသည်​မှာအချိန်​​တော်​ကြာ​နေပါပြီ

အန်​တီရဲ့ ဆု​တောင်းသံသဲ့သဲ့လည်းကြားတယ်

ဦး​လေးရဲ့ စိုးရိမ်​စိတ်​​ကြောင့်
သက်​ပြင်း​တွေ ခဏခဏချ​နေတာကိုလည်းသိတယ်​.....

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now