🐯Meet🐲Z+U

6.3K 503 89
                                    

Zawgyi

Spirit Love Part 1
လှပပြီး ခမ်းနားထည်ဝါလှတဲ့ MAC University ကျောင်းဝင်းကြီး။

ခမ်းနားမှုနဲ့ အပြိုင် ချစ်ဖို့ ကောင်းတဲ့ ကောင်လေးတစ်ယောက်။ ချစ်ဖို့ကောင်းတယ်ဆိုတာ ယောက်ျားလေး တစ်ယောက်ကို သုံးလို့ မရဘူးလို့ ယူဆထားတဲ့ သူတွေအားလုံး ဒီကောင်လေးရဲ့ ရှေ့မှာ သူတို့ ယုံကြည်ချက် ယူဆချက်တွေ ရှုံးနှိမ့်ခဲ့တယ်။ ဖြူလွန်းလှတဲ့ အသားရည်၊ ညှို့ယူ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ခမ်းနားမှုနဲ့ အပြိုင် ချစ်ဖို့ ကောင်းတဲ့ ကောင်လေးတစ်ယောက်။
ချစ်ဖို့ကောင်းတယ်ဆိုတာ ယောက်ျားလေး တစ်ယောက်ကို သုံးလို့ မရဘူးလို့ ယူဆထားတဲ့ သူတွေအားလုံး ဒီကောင်လေးရဲ့ ရှေ့မှာ သူတို့ ယုံကြည်ချက် ယူဆချက်တွေ ရှုံးနှိမ့်ခဲ့တယ်။
ဖြူလွန်းလှတဲ့ အသားရည်၊ ညှို့ယူမှု အားကောင်းတဲ့ မျက်ဝန်း၊ ဘာအကူအညီမှ မယူထားတဲ့ နှင်းဆီရောင် နှုတ်ခမ်း ၊ ဖြူစင်လွန်းတဲ့ အပြုံး ၊ ကော်ဖီရောင် ဆံပင် လုံးလုံးလေး ဒီလို အရာတွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်လေး ကျောင်းဝတ်စုံကို သတ်သတ်ရပ်ရပ်ဝတ်ပြီး ကျောင်း ကော်ရစ်တာကို ဖြတ်ကာ စာသင်ခန်းစီကို ဦးတည် လျှောက်လာတယ်။

စာသင်ချိန် သိပ်မလိုတော့တာကြောင့်မို့ အခန်းထဲ ဝင်ပြီး ကိုယ့်နေရာ ကိုယ် ဝင်ထိုင်နေလိုက်တယ်။ စာအုပ်ထုတ် စာတွေ ပြန်နွေးနေတုန်း ကျွန်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်း Tin က ကျွန်တော်ရှေ့စားပွဲမှာ ထိုင်နေရာက နောက်ကို လှည့်ပြီး “Pete မင်း ငါ့ကို တစ်ခုလောက် ကူ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စာသင်ချိန် သိပ်မလိုတော့တာကြောင့်မို့ အခန်းထဲ ဝင်ပြီး ကိုယ့်နေရာ ကိုယ် ဝင်ထိုင်နေလိုက်တယ်။ စာအုပ်ထုတ် စာတွေ ပြန်နွေးနေတုန်း ကျွန်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်း Tin က ကျွန်တော်ရှေ့စားပွဲမှာ ထိုင်နေရာက နောက်ကို လှည့်ပြီး
“Pete မင်း ငါ့ကို တစ်ခုလောက် ကူညီပါလား”
“ဘာကိုလဲ ပြောကြည့်လေ”
“ဒီညနေကျရင် ငါ့Baby က Pantaran အိမ်ကို သူ့သူငယ်ချင်းတွေနဲ့ စုသွားမလို့တဲ့”
“အဲ့တော့…”
“အဲ့ဒါ ငါ့ကိုပါ ခေါ်နေတာ မလိုက်ခဲ့ရင် အပြတ်ပဲတဲ့”
“လိုက်သွားလိုက်ပေါ့”
“မင်းပြောတော့ လွယ်တယ်ကွ မင်း အဲ့ အိမ်အကြောင်းကို မသိဘူးလား”
“ဟင့်အင်း မသိပါဘူး”
“အဲ့အိမ်က သရဲ ခြောက်တယ်လေ”
“ဘာ!!! သရဲ!!!”
“တိုးတိုးလုပ်ပါကွ ဟုတ်တယ် ငါလည်း သရဲကြောက်တတ်တာ မင်းလည်း အသိဘဲ”
“သိသားပဲ မင်းက ဂိုဏ်စတားတွေနဲ့တောင် ဖိုက်ရဲပေမယ့် သရဲဆိုလို့ကတော့ ဖင်သားနီ လန်အောင် ပြေးတဲ့ကောင်လေ 555”
“အော် မင်းက ငါ့ကို လာပြောင်နေတယ်ပေါ့ မင်းကရော ဘာထူးလို့လဲ မင်းငယ်ငယ်တုန်းကလေ မင်းနဲ့ ငါ အိမ်ပြန်နောက်ကျတုန်းက လမ်းလျှောက်နေတုန်း အနောက်ကနေ ကြောင်ဖြတ်သွားတာကို သရဲထင်ပြီး ငါ့ကို တက်ခွပြီး အာပြဲကြီးနဲ့ အော်လို့ အဲ့နားက အိမ်တွေက ဘာဖြစ်တာလဲ ဆိုပြီး အကုန်ထွက်ကြည့်တော့ ရှက်လို့ ဆိုပြီး ငိုပြီး ထွက်ပြေးတာ ဘယ်သူလဲ”
“မင်းနော် အောက်ဖဲ လာမလှန်နဲ့”
“မင်းပြောလို့ ငါပြောတာလေ ထားပါ ငါပြောတာ ဘယ်ရောက်သွားပြီလဲ”
“ဟို အိမ်အကြောင်းလေ”
“အေး အဲ့အိမ်က အရင်တုန်းက အိမ်ရှေ့စံ မင်းသားရဲ့ နန်းအိမ် တစ်ခုကွ”
“အိမ်ရှေ့စံ… မင်းပြောတာ Ae Patanan ကို ပြောတာလား”
“အင်းလေ အဲ့တာကြောင့် ခုချိန်ထိ အဲ့နန်းအိမ်ကို Patanan စံအိမ်လို့ ခေါ်ကြတာပေါ့ကွ”
“ဒါဆို ဘာလို့ သရဲ ခြောက်တယ်လို့ ပြောတာလဲ”
“ပြောမယ်လေကွာ…”
~~~
“Good Morning Class”
“Good Morning Teacher”
ဆရာမ အတန်းထဲ ဝင်လာတာမို့ Tin နဲ့ Pete တို့ စကားစ ပြတ်သွားတယ်။
စာသင်နေပေမယ့် Pete တစ်ယောက်ကတော့ စာသင်တဲ့ထဲ စိတ်မရှိဘူး ။ သူ့စိတ်က အိမ်ရှေ့စံ Ae ဆီကို ရောက်နေတယ်။ သူ Ae ရဲ့ အကြောင်းတွေ ဖတ်ဖူးတယ်။ သူက အိမ်ရှေ့စံနဲ့ လိုက်ဖက်အောင် ခန့်ညား တည်ကြည်တယ်လို့ ကြားဖူးတယ်။ သူ့ပုံတွေလည်း စာကြည့်တိုက်မှာ သမိုင်းကြောင်းတွေ ဖတ်ရင်းနဲ့ တွေ့ဖူးတယ်။ Black and white ပုံဆိုပေမယ့် သူ့ရဲ့ ပုံက ခန့်တယ်ဆိုတာ ငြင်းလို့ မရဘူး။

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now