🐯In my heart🐉

2.8K 271 70
                                    

ရေဖြည့်ပြီး ပြန်လာတော့ tin တို့လည်း ရောက်နေပြီ။
Tin-“လူနာကို ပစ်ပြီး ဘယ်သွားနေတာလဲ pete”
pete-“ရေကုန်နေလို့ သွားယူတာလေ တစ်မနက်လုံး သူ့အလုပ်ဘဲ လုပ်ပေးနေရတာ”
Can-“သေချာလို့လား”
pete-“ဘာလဲ လူကို မယုံတာလဲ”
Perth-“ဟုတ်ပါတယ် ကျွန်တော်ကို တစ်ချိန်လုံး ပြုစုပေးနေတာပါ”
Can-“ငါက peteကို  စနေတာပါ”
pete-“မင်းတို့ ရောက်နေရင် ငါ အိမ် ခဏ ပြန်ဦးမယ် ရေမချိုးရသေးတော့ လူက နုံးနေသလိုဘဲ”
Perth-“ရပါတယ် ကျွန်တော်ကြောင့် pete လည်း အလုပ်ရှုပ်ရပြီ ကျွန်တော် အဆင်ပြေပါတယ် ပြီးတော့ pete က မနက်တစ်ခါ ညတစ်ခါ ရေမချိုးရရင် မနေတတ်ဘူး မလား”
pete-“အင်း … ဒါနဲ့ မင်းက ဘယ်လို သိတာလဲ”
Perth-“ဘာကြောင့်လဲတော့ ငါလည်း မသိဘူး မင်းအကြောင်းတွေကို အလိုလို သိနေတယ်လို့ ခံစားနေရတာ ဘာကြောင့်သိလဲ ဘယ်လို သိလဲ ဆိုတာတော့ ငါကိုယ်တိုင်လဲ မသိဘူး”
pete-“အဟက် သဘာဝလွန် ဇာတ်ကားများ ရိုက်ဦးမလို့လား မင်းရဲ့ အရေမရ အဖတ်မရ စကားတွေ နားမထောင်ချင်တော့ဘူး ငါပြန်တော့မယ် Tin , Can ငါပြန်ပြီ ညနေမှ ပြန်လာခဲ့မယ်”
Tin,Can-“အေး အေး”
pete ထွက်သွားပြီးတော့
Tin-“မင်း pete အပေါ် ဘယ်လို ခံစားရလဲ”
Perth-“ဘာကိုလဲ Tin ရဲ့ အစမရှိ အဆုံးမရှိ”
Tin-“မင်း pete ကို ကြည့်တဲ့ အကြည့်က တစ်မျိုးဘဲ ဘယ်လိုလဲ ဆိုတာတော့ ငါလည်း မပြောတတ်ဘူး”
Perth-“ငါ peteကို အခုမှ မြင်ဖူးတာမဟုတ်ဘူး”
Can-“ဒါဆို ဘယ်မှာ မြင်ဖူးတာလဲ ဘယ်တုန်းကလဲ”
Perth-“ငယ်ငယ်ထဲက အိမ်မက်ထဲမှာ သူကို ငါ အိမ်မက်ထဲမှာ ခဏခဏ မြင်ဖူးတယ် ငါ Singapore မှာ ရှိကတည်းက ဆိုပါတော့ ……”
Perthအိမ်မက်တွေကို Tin တို့ကို ပြောပြလိုက်တော့ Tin တို့ကလည်း တအံ့တသြနဲ့ နားထောင် နေတယ်။
Can-“မင်း နောက်ဆုံးအိမ်မက်ကို ဘယ်ချိန်က မက်တာလဲ”
Perth-“နောက်ဆုံးအိမ်မက်တော့မဟုတ်ဘူးကွ အဲ့အိမ်မက်ကို ခဏ ခဏ မက်ပြီး ရှေ့ဆက် မတက်တော့တာ”
Can-“အေးပါ အဲ့အိမ်မက်ကို ဘယ်ချိန်က မက်တာလဲလို့”
Perth-“သူ ကျွန်တော့်ကို အမုန်းတွေအဖြစ် ပြောင်းလဲ လာတာ လွန်ခဲ့တဲ့ တစ်နှစ်ဝန်းကျင်လောက်ကဘဲ”
Can-“ဒါဆို Ae ဘဝပြောင်းသွားတဲ့ အချိန်ပေါ့”
Perth-“ဟင် ဘာကိုလဲ ဘယ်က Ae လဲ”
Tin-“ငါ့ အထင်တော့ Ae နဲ့ Perth တစ်ခုခု ဆက်စပ်နေမယ်လို့ ထင်တယ်”
Can-“သူတို့ ကိစ္စ သူတို့ရှင်းပါစေ”
Perth-“Can တို့ပြောနေတာ ကျွန်တော် နားမလည်သလိုဘဲ”
Can-“တစ်နေ့ နားလည်လာမှာပါ”
Tin-“နားလိုက်ဦးလေ Perth တစ်ခုခုလိုရင် ငါတို့ကို ပြောလေ”
Perth-“ဟုတ် Khop pon na”
ခဏကြာတော့ Perth အနာရှိန်နဲ့ အိပ်ပျော်သွားတယ်။
Tin-“Pete ကို ပြောပြသင့်လား ကလေး”
Can-“ကလေးကတော့ သူတို့ဘာ သူတို့ဘဲ ဖြေရှင်းစေချင်တယ်”
Tin-“အင်းပါ ဟုတ်ပါတယ်လေ သူတို့ဘာ သူတို့ ဖြေရှင်းတာဘဲ ကောင်းပါတယ်”
ညနေရောက်တော့ Pete ပုစွန်ဆန်ပြုတ်ထုတ်လေး ကိုင်ပြီး
အခန်းထဲကို ဝင်လာတယ်။
Can-“အောင်း လာပြီလား”
Pete-“အင်း ဆန်ပြုတ်လုပ်နေလို့ နည်းနည်း နောက်ကျသွားတယ်”
Tin-“ရပါတယ် Pete ရောက်ပြီဆိုတော့ ငါတို့ပြန်တော့မယ်လေ”
Pete-“အင်း အင်း ပင်ပန်းရောပေါ့ ပြန်နားတော့လေ ငါတစ်လှည့် စောင့်ပေးလိုက်တော့မယ်”
Can-“အေး ဒါဆို ငါတို့ပြန်ပြီ”
Tin တို့ ပြန်သွားတော့ ယူလာတဲ့ ဆန်ပြုတ်ကို ပန်းကန်ထဲ ထည့် စားပွဲပေါ်တင်ပြီး သူ့ကို နိုးလိုက်တယ်။
Pete-“ဒီမှာ ဒီမှာ ထတော့ ညနေစာ စားရအောင်”
Perth-“အော် Pete တောင် ရောက်လာပြီလား Tin တို့ရောပြန်သွားပြီလား”
Pete-“စကားသိပ်များတာဘဲ ရော့ စားစရာရှိတာ စား”
Perth-“ငြုပ်သီးတော့ ထည့်မပြုတ်လာပါဘူးနော်”
Pete-“ထည့်ထားတယ်”
Perth-“ထည့်ထားလည်း Pete လုပ်လာတာမို့ ကုန်အောင်ကို စားမှာ”
Pete-“မုန်းဖို့ကောင်းလိုက်တာ”
Perth-“ဒါနဲ့ Pete”
Pete-“ဘာလဲ”
Perth-“မင်းနဲ့ငါ တူတူနေဖူးတယ်ထင်တယ်”
Pete-“ဘာပြောတယ်!!!”
Perth-“လန့်လိုက်တာကွာ”
Pete-“မင်းစကားမင်း ပြန်စဉ်းစားလေ”
Pete တစ်ယောက်ရှက်ပြီး မျက်နှာတွေ နီလာတယ်။
Perth-“ဟုတ်တယ် သေချာတယ် အဲ့တုန်းက ငါလို့ဘဲ ထင်တယ်”
Pete-“ဘာတွေကို ထင်နေတာလဲ”
Perth-“ဟုတ်တယ် Pete ငါသေချာသွားပြီ”
Pete-“စကားကို ရှင်းရှင်းလင်းလင်း မပြောတတ်ဘူးလား”
Perth-“ Pete လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်တုန်းက လူတစ်ယောက်ရဲ့ သိမ်းပိုက်မှု ခံရဖူးတယ်မလား”
Pete-“မင်း ဒါကို”
Perth-“အင်း ဟုတ်တယ် ငါအကုန်သိနေတယ် ဘာလို့လဲဆို ငါ…”
ကျွန်တော့်အိမ်မက်ကို Pete ကို ထပ်ပြောပြလိုက်တယ်
Pete-“ဟာ မဖြစ်နိုင်တာ”
Perth-“မင်းကို ငါ ဘယ်လို သက်သေပြရမလဲကွာ”
Pete-“အိပ်တော့ စကားမများနဲ့တော့”
ကျွန်တော်ဆက်ပြောဖို့ လုပ်ပေမယ့် သူနားမထောင်ချင်တော့တဲ့ ပုံဖြစ်နေလို့ ကျွန်တော် ဆက်မပြောဘဲ လှဲအိပ်လိုက်တယ်။
နောက်ရက်တွေမှာလဲ သူနဲ့ စကားသိပ်မပြောဖြစ်တော့ဘူး။ သူက ရှောင်နေတယ်ဆို ပိုမှန်တယ်။ ကျွန်တော့် ဝေရာဝစ္စတွေ လုပ်ပေးနေပေမယ့် စကားတော့ မပြောဘူး။ သူအဲ့လို ဖြစ်နေတိုင်း ကျွန်တော့်ရင်ထဲ ဘာလို့ ပူလောင်နေလဲ မသိဘူး။
ဒီလိုနဲ့ အနာလည်းကျက် စိတ်ချရတဲ့ အခြေအနေရောက်လာပြီမို့ ဆေးရုံက ဆင်းခဲ့တယ်။ ဆေးရုံက ဆင်းတော့လည်း သူဘဲ condo ထိလိုက်ပို့ပေးခဲ့တာ။ ကျွန်တော်တို့ စကား မပြောဖြစ်တာ တော်တော် ကြာနေပြီ ။ ကျွန်တော် ဘယ်လိုမှ နေလို့ မတတ်တော့ဘူး ။ ကျွန်တော့်ကို ပို့ပေးပြီး ပြန်ဖို့ လုပ်နေတဲ့ Pete လက်ကို ကျွန်တော် လှမ်းဆွဲလိုက်တယ်။ ရုတ်တရက် လှမ်းဆွဲလိုက်တာမို့ အရှိန်မထိန်းနိုင်ဘဲ ကျွန်တော်ဆီရောက်လာတယ်။ ကျွန်တော်လည်း သူ့ကိုထိန်းတာ ဟန်ချက်ပျက်ပြီး sofa ပေါ် နှစ်ယောက်ပစ်ကျသွားတယ်။ နောက် မထင်မှတ်ဘဲ ဖြစ်ပျက်တာက ကျွန်တော်တို့ နှုတ်ခမ်းလေးတွေ ထပ်တူ ကျသွားတာဘဲ။
သူပြန်ရုန်းထဖို့လုပ်ပေမယ့် လက်တစ်ဖက်က သူ့ခါးကို အိဝင်နေတဲ့ထိဖက်ထားပြီး လက်တစ်ဖက်က သူ့ဦးခေါင်းကို ထိန်းကာ အနမ်းတွေကို ရှေ့ဆက်လိုက်တယ်။ ကျွန်တော်တို့အတွက် First kiss ဖြစ်နေပေမယ့် စိတ်ထဲမှာတော့ မနမ်းရတာကြာလို့ လွမ်းမောနေရပြီး ခုမှ ပြန်နမ်းရသလို ခံစားနေရတယ်။ ဒါကရော ဘာလို့လဲ။
အတန်ကြာနမ်းပြီးမှ သူ့ကို လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တာနဲ့ ကျွန်တော့်ပါးပေါ်ရောက်လာတဲ့ သူ့ရဲ့လက်။ ပူထူသွားတာဘဲ။
Pete-“ဒါဘာလုပ်တာလဲ Perth”
Perth-“တောင်းပန်ပါတယ် ကို အရမ်းလွမ်းနေလို့ပါ မင်းရဲ့ နှုတ်ခမ်းတွေကို အရမ်းလွမ်းနေလို့ပါ”
Pete-“လွမ်းရအောင် မင်းနဲ့ငါနဲ့ ဘယ်တုန်းက နမ်းဖူးလို့လဲ”
Perth-“ငါပြောပြထားပြီးပြီလေ”
Pete-“မင်းရဲ့ လုပ်ဇာတ်တွေကို ရပ်တန်းက ရပ် ပြီးတော့ နောက်တစ်ခါ မင်းငါ့ကို ဒီလို ထပ်လုပ်ရင် ငါ့ကို အဆိုးမဆိုနဲ့”
Perth-“ငါ သက်သေပြမယ်ဆိုရင်ရော”
Pete-“ဘာကို သက်သေပြချင်နေတာလဲ”
Perth-“မင်းရဲ့ ပေါင်အတွင်းဘက်မှာ အမှတ်လေးရှိနေတယ်မလား”
Pete-“မင်းဒါကို”
Perth-“ငါပြောပြီးသားလေ မင်းနဲ့ငါ အတူတူနေဖူးပါတယ်လို့”
Pete-“တော်တော့ ဆက်မပြောနဲ့တော့”
Perth-“ပြောရမယ် မင်း Ae ပေါ် အထင်လွဲမှုတွေကို ပြောပြမှ ရမှာပေါ့”
Pete-“Ae နဲ့ မင်း ဘာဆိုင်လို့လဲ”
Perth-“ဘယ်လိုပတ်သက်လဲတော့ ငါမသိဘူးငါရှင်းလဲ ရှင်းမပြတတ်ဘူး ဒါပေမယ့်ငါအခု သိတာက Ae ရဲ့ အချစ်တွေက သေမဆုံးသေးဘဲ ငါနဲ့ ရှေ့ဆက်ရမယ်ဆိုတာဘဲ”
Pete-“အရူးစကားတွေ လာမပြောနဲ့”
Perth-“မင်းကြိုက်သလို ငါ့ကို အပြစ်တင်လိုက်စမ်းပါ ပြီးရင်တော့ မင်းရဲ့ အမုန်းတွေကို ရပ်တန့်ပေးပါ”
Peteပါးပေါ်ကို မျက်ရည်တွေကျလာတယ်။ ကျလာတဲ့ မျက်ရည်တွေကို သုတ်ပေးရင်း
Perth-“မငိုပါနဲ့ ငါ့ကြောင့်နဲ့ မျက်ရည်မကျပါနဲ့”
Pete-“ငါမင်းကို တစ်ခုမေးလို့ရလား”
Perth-“မေးလေ”
Pete-“Ae ကျွန်တော်ကို ချစ်သေးလား”
Perth-“အင်း ချစ်သေးတာမဟုတ်ဘူး အချစ်တွေက လျော့ကို မလျော့သွားတာ”
Pete-“ကျေးဇူးတင်ပါတယ် Ae ကျွန်တော့်ကို မမုန်းဘူးဆိုတာ သိအောင် ပြောပြပေးလို့”
Perth-“ငါမင်းကို ချစ်တယ်”
Pete-“ဟာ စကားအကောင်းပြောရင်း ဖောက်လာပြီ”
Perth-“ဟာ ငါတကယ်ပြောတာ မင်းက ငါ့ကို ပြန်မချစ်နိုင်ဘူးလား”
Pete-“ငါက မင်းမဟုတ်တဲ့ သူနဲ့ လွန်ပြီးပြီဆိုတာ မင်းလဲ သိရဲ့သားနဲ့”
Perth-“မလိုဘူး အဲ့အကြောင်းတွေက အတိတ်က အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ကို့လက်ကို မတွဲနိုင်ဘူးလား Pete”
Pete-“ငါစဉ်းစားပါရစေဦး”
Perth-“ကောင်းပြီလေ စဉ်းစားပေါ့ ကြာတော့ မကြာစေနဲ့နော်”
Pete-“အဲ့ဒါတော့ မပြောတတ်ဘူးလေ”
Perth-“ဟာ အဲ့လိုတော့ မရဘူးလေ ဒီလိုလုပ် မင်းကို ငါ အချိန် ၁လ ပေးမယ် အဲ့ ၁လ အတွင်း စဉ်းစား အဲ့ ၁ လ အတွင်းမှာလဲ ငါ့အချစ်တွေကို သက်သေပြမယ် အဆင်ပြေလား”
Pete-“အင်း… Ok”
Perth-“OK ဒါဆို နက်ဖြန်စမယ်နော်”
Pete-“Inn”
Pete ထွက်သွားမလို့လုပ်နေတုန်း
Perth-“ Pete ငါမင်းကို ချစ်တယ်နော်”
Pete-“မင်းရဲ့ ချစ်ခြင်းသက်သေတွေကို ငါစောင့်နေပါမယ်”
~~~
ကျွန်တော် ပြန်ထွက်လာပြီး ရင်ဘတ်ထဲက အကောင်ငြိမ်အောင် မနည်းလိုက် ထိန်းနေရတယ်။ ကျွန်တော် အရမ်းပျော်တယ် သိလား ။ဘာလို့ဆို Ae နောက်ဆုံးပြောသွားတာတွေကို သူ့ကို စိတ်နာအောင် ပြောသွားရုံသက်သက်ဆိုတာ သိလိုက်ရလို့။ ပြီးတော့ Ae နဲ့ ရုပ်ချင်းဆင်တဲ့ Perthကိုလဲ မြင်မြင်ချင်းတုန်းက အရမ်းကို လွမ်းနေတာပါ ဆိုပြီး ပြေးဖက်ချင်ခဲ့ပေမယ့် Ae စကားတွေကို သတိရပြီး အမုန်းဘက်ကို ပြောင်းခဲ့လိုက်တာပါ။ ခုတော့ အားလုံးရှင်းသွားပြီ။ ကျွန်တော့်ကို လွယ်တယ်ဘဲ ပြောပြော Ae နဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို တန်ဖိုးထားချစ်တတ်တဲ့ ကျွန်တော့်အတွက် Perth ကို လက်ခံနိုင်တာ မဆန်းပါဘူး။ နောက်နေ့ Perth သက်သေပြမယ့်အရာတွေကို ရင်ခုန်နေမိတာလည်း အမှန်ဘဲ ။
‘နက်ဖြန် မြန်မြန်ရောက်ပါစေ’

see u next part
နောက်နေ့တွေ ro ပါတော့မည်။ နတ်ပြည်မှာ နေရာဦးထားချင်ရပါသည်။😝18+ တို့ 20+တို့လည်း လာနိုင်ပါသည်

ဇာတ်သိမ်းပိုင်းလည်း ရောက်တော့မှာမို့ Fic အသစ်လေးတွေ အားပေးဖို့ တောင်းဆိုပါတယ်နော်။ အားပေးမယ့်သူတွေရော ရှိလားဟင်။
love to all.

Spirit lover(ဝိညာဥ်ချစ်သူ)(Complete)Where stories live. Discover now